◾️အမေရိကန်အစိုးရဝန်ထမ်းထောင်ပေါင်းများစွာကိုအိမ်ဖြူတော် အနားပေး
အစိုးရလုပ်ငန်းများ ရပ်ဆိုင်ထားရစဉ်ကာလအတွင်း ဖက်ဒရယ်အစိုးရ ဝန်ထမ်းအင်အား ကို လျှော့ ချသွား မည်ဟူ သော ခြိမ်းခြောက်မှုအတိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆက်လုပ်ဆောင်နေစဉ် အစိုးရဌာနများမှထောင်နှင့်ချီသော ဝန်ထမ်းများအား အနားပေးရန် ၎င်း၏ ဆုံး ဖြတ်ချက်အတွက် ထရန့်က ဒီမိုကရက်များအား အပြစ် တင်ခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဌာန၊ စီးပွားကူးသန်းဌာန၊ ပြည်တွင်းအခွန်ဌာန ၊ ပြည်ထဲ ရေးဝန်ကြီးဌာနအောက်မှ ဆိုက်ဘာလုံခြုံရေးဌာနတို့တွင် အလုပ်နေရာလျှော့ချမှု များလုပ် ဆောင် နေပြီ ဖြစ် ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ပြောကြားကြသော်လည်း မည်မျှအနားပေးမည်ဆိုသော အရေအတွက်မှာ မရှင်းလင်းသေး‌ပေ။
ယခုနှစ်အစောပိုင်းတွင် ဒေါ်နယ်ထရန့်က စတင်ခဲ့သော အ စိုးရအရွယ်အစား လျှော့ချရေး အစီအစဉ်အရ ဖက်ဒရယ်အစိုးရဝန်ထမ်း သုံးသိန်းခန့်မှာ ယခုနှစ်အတွင်းမှာပင် အ လုပ်မှ အနားပေးခံရမည်ဖြစ်သည်။
“သူတို့က ဒါကို စတင်ခဲ့ကြပါတယ်။” ဟု ဘဲဥပုံရုံးခန်း အ ခမ်းအနားတစ်ခုတွင် ဒေါ်နယ်ထရန့်က သတင်းထောက်များအားပြောကြားပြီး အလုပ်နေရာလျှော့ချမှုများမှာ ဒီမိုကရက်များကြောင့် ဖြစ် ပေါ် လာခဲ့ရသည်ဟု အပြစ်တင်သည်။
ဒေါ်နယ်ထရန့်၏ ရီပတ်ဘလီကန်များသည် အထက် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးတွင် လူများစုနေရာရရှိထားသော်လည်း အစိုးရဘတ်ဂျက်ကို အထက်လွှတ်တော်က အတည်ပြုရေးအတွက်မူ ဒီမိုကရက်အမတ်အချို့၏ ထောက်ခံမဲကို လိုအပ်ကြောင်း သိရသည်။
ကျန်းမာရေးအာမခံအတွက် အစိုးရထောက်ပံ့ကြေးများကို ထရန့်အစိုးရက သက်တမ်းတိုးပေးရေးကို ဒီမိုက ရက်များက အလိုရှိနေကြပြီး ယင်းကို သက်တမ်းတိုးမပေးခဲ့ပါက သင့်လျော်သောဈေးနှုန်းဖြင့် ကျန်းမာ ရေးစောင့်ရောက်မှု ရရှိရေးဥပ‌ဒေအရ ယင်းထောက်ပံ့ကြေးများ ရရှိနေသော နိုင်ငံသား ၂၄ သန်းအတွက် ကျန်းမာရေးစရိတ်အလွန်မြင့်တက်သွားမည်ဖြစ်ကြောင်း အမတ်များက ပြောကြားကြသည်။
သောကြာနေ့က ဆယ်ရက်မြောက်လာပြီဖြစ်သော အစိုးရလုပ်ငန်းများ ရပ်ဆိုင်းနေစဉ်ကာလအတွင်း ဖက်ဒရယ်အစိုးရဝန်ထမ်းများကို အလုပ်မှ အနားပေးသွားမည်ဖြစ် ကြောင်း ဒေါ်နယ်ထရန့်က အကြိမ် ကြိမ် ခြိမ်းခြောက်ခဲ့ပြီး အထူးသဖြင့် ဒီမိုကရက်များ၏အနှစ်သက်ဆုံးဌာနများကို ပစ်မှတ်ထားသွားမည်ဟု ပြော ကြား သည်။
ဒီမိုကရက်မဲဆန္ဒရှင်များ အဓိက နေထိုင်ရာ ပြည်နယ်များဖြစ်သော နယူးယောက်၊ ကယ်လီဖိုးနီးယား နှင့် အီလီ နွိုက်စ်ပြည်နယ်များအတွက် အခြေခံအ‌ဆောက်အအုံ ဖွံ့ဖြို့းတိုးတက်ရေးရန်ပုံငွေ အနည်းဆုံး ကန်ဒေါ်လာ ၂၈ ဘီလီယံကိုလည်း ထရန့်က ဆိုင်းငံ့ထားသည်။
ဘဏ္ဍာရေးဌာနမှ ဝန်ထမ်း ၁၄၀၀ ၊ ကျန်းမာရေးဌာန မှ ဝန်ထမ်း ၁၁၀၀ အပါအဝင် အစိုးရဌာနခုနစ်ခုမှ ဖက်ဒရယ်ဝန်ထမ်း ၄၂၀၀ သည် အလုပ်မှအနားပေးလိုက်ကြောင်း အသိပေးစာများ ရရှိခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ပြောကြားသည်။
ဒေါ်နယ်ထရန့်၏ ဖိအားပေးသောနည်းလမ်းများကို အလျှော့ပေးသွားမည်မဟုတ်ကြောင်း ဒီမိုကရက်များက ပြောကြားကြသည်။
ရီပတ်ဘလီကန်များ အလေးထားလာသည့်အချိန်အထိ ၎င်းတို့၏ဆုံးဖြတ်ချက်များကြောင့် ဆုံးရှုံး သွား သောအ လုပ်တိုင်း၊ ထိခိုက်ခဲ့သော မိသားစုတိုင်း၊ ပြတ်တောက်ခဲ့သော ဝန်ဆောင်မှုတိုင်းသည် ရီပတ်ဘလီကန်များနှင့်သာ သက်ဆိုင်ကြောင်း အထက်လွှတ်တော် ဒီမိုကရက်ခေါင် းဆောင် ချပ်ရှူးမားက ပြောကြားသည်။
ဝန်ထမ်းများအား အလုပ်မှ အနားပေးခြင်းကို အချို့သော ရီပတ်ဘလီကန်အမတ်များကလည်း ကန့်ကွက်ကြသည်။
လစာမရဘဲ အလုပ်လုပ်နေကြသည်ဖြစ်စေ၊ အလုပ်မှအ နားပေးခံရသည်ဖြစ်စေ ဖက်ဒရယ်အစိုးရဝန်ထမ်းများ၏ ဝန်ဆောင်မှုများမှာ များစွာအရေးပါကြောင်း အထက်လွှတ်‌ တော် ဘဏ္ဍာငွေခွဲဝေချထားရေးကော်မတီမှ အထက် လွှတ်တော်အမတ် ဆူဆန်ကောလင်း က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image