စပါးစ်စတားကူဒပ်စ်ရဲ့ သွင်းဂိုးဖြင့် ကိုမိုရို့စ်ကို အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ ဂါနာ
အောက်တိုဘာ ၁၃
ဂါနာဟာ မိုဟာမက်ကူဒပ်စ်ရဲ့ ဒုတိယပိုင်း တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ကိုမိုရို့စ်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
ဂါနာဟာ ကိုမိုရို့စ်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲတွင် အနိုင်ရရှိပြီးနောက် အုပ်စု(I) ၁၀ ပွဲတွင် ၂၅ မှတ် ရရှိကာ အုပ်စုဗိုလ်အဖြစ်ဖြင့် ဒုတိယနေရာမှ မာဒါဂါစကာကို ၆ မှတ်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်လာတာလည်း ဖြစ်ပါတယ်။
ဂါနာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ ပထမဆုံး မြောက်အာဖရိကပြင်ပမှ နိုင်ငံ ဖြစ်လာပါတယ်။ ဂါနာမတိုင်မီ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့အသင်းများအဖြစ် အယ်ဂျီးရီးယား၊ အီဂျစ်၊ ၂၀၂၂ ကမ္ဘာ့ဖလားဆီမီးရောက် မိုရိုကိုနှင့် တူနီးရှားတို့ ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။
ဂါနာဟာ မနေ့ညက ပွဲတွင် ခြေစွမ်းပိုင်း အသာဖြင့် ကစားခဲ့ရပေမယ့်လည်း ယခင် ၉ ပွဲမှာ ၂၂ ဂိုးအထိ ပေးထားရတဲ့ ကိုမိုရို့စ် ခံစစ်နှင့် ဂိုးသမားကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကူဒပ်စ်က သောမတ်စ်ပါတေးရဲ့ ဖြတ်တင်ဘောကနေ ပိတ်သွင်းကာ ဂါနာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းယူပေးခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ