ပရိသတ်အကြိုက်တွေ့နေတဲ့ အဒမ်ဝါတွန်ကို ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန် ယူနိုက်တက် ပစ်မှတ်ထားနေ

အောက်တိုဘာ ၁၃

ယူနိုက်တက်ဟာ လာမယ့်နှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အဒမ်ဝါတွန်အား ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။

ပဲလေ့စ်ကွင်းလယ်ကစားသမားဟာ ယခု ၂၀၂၅ ခုနှစ်တွင် ပဲလေ့စ်ရဲ့ ကွင်းလယ်အင်ဂျင်အဖြစ် အဓိကနေရာမှ ခြေစွမ်းပြကစားနေသူ ဖြစ်ပြီး အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းတို့ ဆွတ်ခူးနိုင်အောင် ကူညီထားပါတယ်။

အသက် ၂၁ နှစ်ရှိ ဝါတွန်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဘလက်ဘန်းမှ ပေါင် ၂၂ သန်းဖြင့် ပြောင်းလာပြီးနောက် ချက်ချင်းဆိုသလို ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့အလားအလာအကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

Daily Star က ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ အဒမ်ဝါတွန်ရဲ့ တိုးတက်မှုကို အချိန်ပြည့်စောင့်ကြည့်နေပြီး လာမယ့် နှစ် နွေရာသီမှာ ထွက်ခွာလာဖို့ ရှိနေတဲ့ ကက်စ်မီရိုနှင့် ကိုဘီမိုင်နူးနေရာမှာ အစားထိုးရန် စီစဉ်ထားပါတယ်။

ဝါတွန်ဟာ ပဲလေ့စ်သို့ ရောက်လာပြီးနောက် ၅၃ ပွဲကစားရာတွင် ၆ ကြိမ် ဖန်တီးထားပါတယ်။

ယူနိုက်တက်ပရိသတ်များဟ မကြာသေးမီတုန်းက ယခုရာသီ ပရီးမီးယားလိဂ်ရာသီအတွင်း လိမ်ခေါက်မှု အားလုံး အောင်မြင်တဲ့ အဒမ်ဝါတွန်ရဲ့ မှတ်တမ်း ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ကလပ်အား ခေါ်ယူရန် တောင်းဆိုခဲ့ကြဖူးပါတယ်။

အင်္ဂလန်အတွက် တစ်ပွဲကစားထားတဲ့ ဝါတွန်ဟာ ပဲလေ့စ်နှင့်အတူ ခြေစွမ်းပြကစားနေပေမယ့်လည်း အင်္ဂလန်လူစာရင်းတွင် ချန်လှပ်ခြင်းခံထားရပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image