ပြင်သစ်အသင်းမှ ကိုနာတေး နုတ်ထွက်ရမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရတဲ့ လီဗာပူး

အောက်တိုဘာ ၁၂

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးဟာ ပြင်သစ်လက်ရွေးစင်အသင်းမှ အီဘရာဟမ်ကိုနာတေး နုတ်ထွက်ရမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။

ကိုနာတေးဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချဲလ်ဆီးအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိကာ ပွဲချိန် ၅၆ မိနစ်မှာ လူစားလဲခဲ့ရပေမယ့်လည်း ပြင်သစ်အသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ အဇာဘိုင်ဂျန်အား အနိုင်ရတဲ့ပွဲမှာ ပြင်သစ်အသင်းအရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။

ဒါပေမယ့် သူဟာ ဒဏ်ရာအခြေအနေ တိုးတက်လာခြင်း မရှိမှုနှင့်အတူ အိမ်ပြန်ပို့ခံလာရပြီလည်း ဖြစ်ပါတယ်။ သူဟာ လာမယ့်အပတ်တွင် အိုက်စလန်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။

လီဗာပူးဟာ ချဲလ်ဆီးနှင့်ပွဲ ဒုတိယပိုင်းတွင် လူစားလဲလှယ်ခံရပြီးနောက် ဥမင်လှိုဏ်ခေါင်းသို့ တန်းဆင်းသွားခဲ့တဲ့ ကိုနာတေးအခြေအနေအပေါ် အစောပိုင်းကတည်းက စိုးရိမ်နေခဲ့တာပါ။

လီဗာပူးဟာ ဂျီယိုဗန်နီလီယွန်နီ ကာလရှည်ကြာ အနားယူရမှုနှင့်အတူ ခံစစ်ပြဿနာကြုံနေရပါတယ်။

ကိုနာတေးဟာ ပြင်သစ်အသင်းမှ နုတ်ထွက်ကာ လီဗာပူးနှင့် စောစောစီးစီး ပူးပေါင်းလာပေမယ့်လည်း နိုင်ငံတကာပွဲများအပြီး ခါးသီးတဲ့ ပြိုင်ဘက် ယူနိုက်တက်နှင့်ပွဲမှာ ပါဝင်လာနိုင်မလားဆိုတာ အတိအကျ မသိရသေးပါဘူး။

#ဘောလုံးသတင်းစုံ

image