ရီးရဲလ်မက်ဒရစ်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် ဘယ်လင်ဂမ်နှင့် အလက်ဇန္ဒားအာနိုးတို့ ချန်လှပ်ခံရ
အောက်တိုဘာ ၁၂
အင်္ဂလန်စတားများဖြစ်ကြတဲ့ ဂျူ့ဘယ်လင်ဂမ်နှင့် ထရန်းအလက်ဇန္ဒားအာနိုးတို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ၂၀၂၆ ခုနှစ်အတွက် ပြက္ခဒိန်ထုတ်လုပ်ရောင်းချတွင် ပါဝင်ခွင့် မရရှိလာကြပါဘူး။
ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၆ ခုနှစ်အတွက် ထုတ်လုပ်ထားတဲ့ ပြက္ခဒိန်ဓာတ်ပုံတွင် ထရန်းအလက်ဇန္ဒားအာနိုးနှင့် ဂျူ့ဘယ်လင်ဂမ်တို့ကို ချန်လှပ်ပြီး အာဒါဂူလာ၊ ဒိန်းဟူဆင်၊ ကိုင်လီယန်ဘက်ပေး၊ ဗီနီရှပ်စ်ဂျူနီယာ၊ ဗယ်ဗာဒီ၊ ကော့တွိုက်စ်တို့ ၆ ဦးကိုသာ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ရဲ့ စီနီယာကစားသမားများဖြစ်ကြတဲ့ အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ်၊ အီဒါမီလီတာအိုနှင့် အန်တိုနီယိုရူဒီဂါတို့လည်း ၂၀၂၆ ခုနှစ် ပြက္ခဒိန်တွင် ပါဝင်ခွင့် မရရှိကြပါဘူး။
ဘယ်လင်ဂမ်ဟာ ၂၀၂၆ ခုနှစ် ပြက္ခဒိန်ဓာတ်ပုံတွင် ချန်လှပ်ခံခဲ့ရပေမယ့်လည်း ၂၀၂၅ ခုနှစ် ပြက္ခဒိန်မှာတော့ ပါဝင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၆ ခုနှစ် ပြက္ခဒိန်အား ပေါင် ၁၀.၉၉ ဖြင့် ရောင်းချနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ရုပ်ပုံလွှာအသုံးခနှင့်ပတ်သက်ပြီး သဘောတူညီမှု မရရှိမှုနှင့်အတူ ဘယ်လင်ဂမ်နှင့် ထရန်းအလက်ဇန္ဒားအာနိုးတို့ကို ချန်လှပ်ခဲ့သလားဆိုတာ အတိအကျ မသိရပါဘူး။
#ဘောလုံးသတင်းစုံ