ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခံထားရသည့် သမီးဆိုး(ခ)သက်ကိုကို ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်း

အောက်တိုဘာ ၁၂

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခံထားရသည့် သမီးဆိုး(ခ)သက်ကိုကို ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နေ ဒေါ်အေသင်ကိုမှ ၎င်း၏ မိသားစုအသိုင်းအဝိုင်းများ၊ လုပ်ငန်းများ၊ လူမှုရေးများပျက်စီးစေရန် လည်းကောင်း၊ စွပ်စွဲ ပြောဆိုခြင်း၊ ထောင်ကျပြစ်ဒဏ်ရရှိစေလိုကြောင်း နှုတ်မှ ထုတ်ဖော်၍လည်းကောင်း ပြောဆိုခဲ့ သည့် သမီးဆိုး(ခ)သက်ကိုကိုကို ပြီးခဲ့သည့် အောက်တိုဘာ (၆)ရက်က ပြင်ဦးလွင်မြို့မရဲစခန်း၌ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

“ကျွန်မအနေနဲ့ ကျွန်မအပါ ကျွန်မပတ်ဝန်းကျင် ကျွန်မမိသားစု အားလုံး ထိခိုက်နစ်နာမှုအတွက် ရည်ရွယ်ကြံစည်ပြောဆိုခဲ့သော သူအားကျွန်မ စွမ်းနိုင်သလောက် ဥပဒေနဲ့အညီ တရားဝင်လုပ်သင့်လုပ်ထိုက်တာ ကို လုပ်ပြီးသားမလို့ တဖက်သူဖမ်းစီးရမိရေးနဲ့အတွက်တော့ သက်ဆိုင်ရာဌာနက လုပ်ပါလိမ့်မယ် ။ ကျွန်မအနေနဲ့သက်ဆိုင်ရာဌာနကို ကိုယ်ဖြစ်ချင်တာကို ခိုင်းပိုင်ခွင် အခွင့်အာဏ ကျွန်မမှာ ရှိမနေပါဘူးရှင် ။ကိစ္စရပ်တိုင်းအားမြန်မာနိုင်ငံတည်ဆဲ ဥပဒေများနှင့်အညီ တရားဝင်အတိုင်းသာ ဆောင်ရွက်ထားပါသည်” ဟု အေသင်ကိုက ၎င်း၏ ဖေ့ဘုတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ယခုရက်ပိုင်းအတွင်း ရေးသားဖြန့်ဝေထားသည်။
ထိုသို့ အမှုဖွင့်တိုင်ကြားထားဖြင့် ယနေ့ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သိရသည်။

အေသင်ကိုအနေဖြင့် PDFကို ထောက်ပို့လုပ်ငန်းများလုပ်‌ဆောင်နေကြောင်း ၊ တပ်မှ အရာရှိကြီးများနှင့် လူမှုရေးအရှုပ်အရှင်းများရှိကြောင်းအပါအဝင် ပုဂ္ဂိုလ်ရေးရာများ ကို သမီးဆိုး(ခ)သက်ကိုကို က ၎င်း၏ ဖေ့ဘုတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံဖြင့် ပြောဆိုဖြန့်ဝေမှုများဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

image