ရုရှား-မြန်မာ-ဘယ်လာရုစ် သုံးနိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်ပွဲ ရန်ကုန်တွင် ကျင်းပ
အောက်တိုဘာ ၁၃
ရုရှား-မြန်မာ-ဘယ်လာရုစ် သုံးနိုင်ငံ ပူးပေါင်းဖျော်ဖြေတင်ဆက်ပွဲကို အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြီး ရုရှားနှင့် ဘယ်လာရုစ် သွေးရင်းအစ်ကို ညီရင်းနှမ တေးသီချင်း၊ Belarus and Myanmar တေးသီချင်း၊ မြန်မာ့ရိုးရာ တေးသီချင်းနှင့် အကများ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ ဖျော်ဖြေပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် တာဝန်ရှိသူများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အနုပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အနုပညာဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေး ကြသည်။
အဆိုပါ ဖျော်ဖြေတင်ဆက်ပွဲတွင် “ယဉ်ကျေးမှုဖလှယ်မှုမှသည် ချစ်ကြည်ရင်းနှီးမှုများဆီသို့" Video Clip ကို ဖွင့်လှစ်ပြသပြီး ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌက မိတ်ဆက်စကား ပြောကြားကာ ဘယ်လာရုစ်နိုင်ငံမှ အနုပညာရှင်များနှင့် မိတ်ဆက်ပေးခဲ့သည်။
ထို့နောက် ဘယ်လာရုစ်အနုပညာရှင်များက ရုရှားနှင့် ဘယ်လာရုစ်-သွေးရင်းအစ်ကို ညီရင်းနှမ တေးသီချင်း၊ Belarus and Myanmar တေးသီချင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ “အရုပ်နဲ့လူ ကကြိုးတူ(သူငယ်တော်အက)” ရုပ်သေး၊ “ခေါင်းလောင်းသံ"တေးသီ ချင်း “ဘော်ဒကာတစ်ခွက်နဲ့ နှုတ်ဆက်မယ်” တေးသီချင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အဆိုရှင် စောဒယ်နီရယ်က “ပြုံးတုံ့လှယ်“တေးသီချင်း၊ “မျက်ဝန်း" တေးသီချင်း၊ ရုရှားသံရုံးမှ “လယ်ဘယ်ဒူးရှ်ကာ" အက၊ မြဝတီတေးဂီတအဖွဲ့က “မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း” တေးသီချင်း၊ “ကျူးလစ်ပန်း” တေးသီချင်း၊ “တို့ရွာနီ”တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက် ကပြကြသည်။
ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ခေတ်(၆)ခေတ်အက၊ “ဩော်တံစဉ် ကျွန်တော်တံစဉ်” တေးသီချင်း၊ “ကာလင်ကာ”အက၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ အဆိုရှင် လဝန်းမေက “မြစ်ရေသွင်သွင်”တေးသီချင်း၊ “မြန်မာ”တေးသီချင်း၊ “သင်္ကြန်” တေးသီချင်း၊ မြဝတီတေးဂီတအဖွဲ့က “ပြည်ထောင်စုကြီး ထာဝရတည့်တံ့စေသား” တေးသီချင်း၊ ရုရှားသံရုံးမှ “ရီဗာရောနော့ခ်” တေးသီချင်း၊ “ပုဂံ”တေးသီချင်း၊ “အတူရှိမယ် မြန်မာ" တေးသီ ချင်း၊ “ကျွန်ုပ်တို့ မြန်မာပြည်"တေးသီချင်း၊ “ကာကျူးရှာ"တေးသီချင်း၊ “အမိမြေ"တေးသီချင်း၊ “ပန်းရောင်စုံ" တေးသီချင်းနှင့် “တောင်းဆုခြွေ”တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက် ကပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်ဝန်တို့အား ဘယ်လာရုစ်တေးဂီတ အဖွဲ့ခေါင်းဆောင်က ဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး


+4

