9 ပတ် - ဘာသာပြန်ပါ။

အလုပ်ပိတ်ရက်လေးမှာ ငပေါင်းထုပ် လုပ်စားကြရအောင် 😋
​ငပေါင်းထုပ် လုပ်နည်း
​ပါဝင်ပစ္စည်းများ -
* ​ငှက်ပျောဖူး
* ​မျှစ်ပြုတ်
* ​ပုစွန်
* ​ရှမ်းနံနံပင်
* ​ပင်စိမ်းရွက်
* ​ကြက်ဥ
* ​ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်၊ စပါးလင်
* ​ဟင်းခတ်ပစ္စည်းများ (ဆား၊ ချိုမှုန့်၊ အသားမှုန့်၊ နနွင်းမှုန့်၊
ဆီ အနည်းငယ်၊ ဆန်မှုန့် နှင့် Gogi)
* ​ထုပ်ရန်အတွက် ရဲယိုရွက်
​ပြုလုပ်ပုံအဆင့်ဆင့်
1. ​ငှက်ပျောဖူးကို ပါးပါးလှီးပြီး ဆားရည်စိမ်ကာ ရေဆေးပါ။ ထို့နောက် အရည်ညှစ်ထားပါ။
2. ​မျှစ်ပြုတ်ကို ခြစ်ပြီး အရည်ညှစ်ထားပါ။
3. ​ပုစွန်ကို အခွံခွာ၍ ရေဆေးသန့်စင်ထားပါ။
4. ​ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပါ။
5. ​ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်၊ စပါးလင်၊ ဆား၊ ချိုမှုန့်၊ အသားမှုန့်၊ နနွင်းမှုန့်၊ ဆီအနည်းငယ်၊ ဆန်မှုန့်နှင့် Gogi တို့ဖြင့် သမအောင် နယ်ပါ။
6. ​အရောအနှောများကို ရဲယိုရွက်နှင့် ထုပ်ပြီး ပေါင်းပါ။
​ပုံတွင် အဆင့်ဆင့် ပြသထားပါသည်။

image