8 ပတ် - ဘာသာပြန်ပါ။

ကလေးငယ်တွေပါ ပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး

အောက်တိုဘာ ၁၂

ထိုင်းနိုင်ငံထဲကိုခိုးဝင်ဖို့ အလုံပိတ်ကားအတွင်း လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ကန်ချနာဘူရီမြို့နယ်၊ Ban Khao Meng Road လမ်းပေါ်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၃၈ ဦးနဲ့ ကလေး ၆ ဦးပါဝင်တယ်လို့ သိရပြီး ယာဉ်မောင်း ၁ ဦးနဲ့ဆိုရင် စုစုပေါင်း ၁၀၉ ဦးတို့ကို အောက်တိုဘာ ၁၁ ရက်၊ မနက်ပိုင်းက ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ အဲဒီ မြန်မာနိုင်ငံသားတွေဟာ မြန်မာဘက်ခြမ်းကနေ ထောင်းဖာဖူမ်ဒေသဘက်ကို လှေနဲ့ တရားမဝင်ဖြတ်ကူးလာပြီးနောက် အခြားဒေကိုဆက်သွားဖို့ ခရီးစဉ်တစ်ကြောင်းအတွက် ဘတ် ၇,၀၀၀ နဲ့ ဖမ်းမိတဲ့အလုံပိတ်ကားကို ငှားရမ်းလိုက်ပါလာကြတာလို့ သိရပါတယ်။

ဖမ်းမိထားတဲ့ ယာဉ်မောင်းနဲ့ မြန်မာနိုင်ငံသား ၁၀၈ ဦးကို ဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့ သိရပြီး သတင်းမှတ်တမ်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။

#centralnewsnaypyitaw

image
image
image