ယခုနှစ်အစောပိုင်းတုန်းက ယူနိုက်တက်နှင့်ပွဲစဉ်မှ ဖြစ်ရပ်အတွက် အာဆင်နယ် ဒဏ်ရိုက်ခံရ
အောက်တိုဘာ ၁၁
အာဆင်နယ်ဟာ ယခုနှစ် အစောပိုင်းတုန်းက ယူနိုက်တက်နှင့် အက်ဖ်အေဖလားပွဲစဉ်တွင် လက်မှတ်စည်းမျဉ်းအား လိုက်နာရန် ပျက်ကွက်မှုကြောင့် ပေါင် ၅၀၀၀၀၀ ဆိုင်းငံ့ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
အာဆင်နယ်ဟာ ယူနိုက်တက်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင် တစ်ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ပေါင် ၅၀၀၀၀ ကို ဆိုင်းငံ့ဒဏ်ရိုက်ခြင်းခံရခြင်း ဖြစ်ပြီး ယခုနှစ် (သို့မဟုတ်) မကြာမီ ပြန်လည်စတင်မယ့် အက်ဖ်အေပြိုင်ပွဲတွင် စည်းမျဉ်းချိုးဖောက်ပါက ယင်းဒဏ်ငွေကို ကျခံလာရမှာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပွဲလက်မှတ်အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းအား ယူနိုက်တက်ကို ခွဲဝေပေးရမှာ ဖြစ်ပေမယ့်လည်း အပြည့်အဝ ပေးခဲ့ခြင်း မရှိမှုနှင့်အတူ ယခုကဲ့သို့ ဒဏ်ရိုက်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလားပြိုင်ပွဲတုန်းက လန်ဒန်တွင် ဓားဖြင့် တိုက်ခိုက်မှုများအား ဆန့်ကျင်တဲ့အနေဖြင့် အဖြူရောင်ဝတ်စုံဝတ်ဆင်ပြီး ယှဉ်ပြိုင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ 'No More Red' အစီအစဉ်ဖြင့် ဓားဖြင့် ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် လူငယ်များ နစ်နာမှုကို ဆန့်ကျင့်တဲ့အနေဖြင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကစားခဲ့တာပါ။
အာဆင်နယ်ဟာ ယခုနှစ် အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့် အဖြစ် လာမယ့်နှစ် ဇန်နဝါရီလတွင် စတင်ကစားရပါမယ်။
#ဘောလုံးသတင်းစုံ