ကလေး ၂ ကို ကြိမ်းမောင်းခဲ့တဲ့အမျိုးသားကို သွားရောက်ထိုးကြိတ်ခဲ့တဲ့ ဖခင် ထောင်ဒဏ်ချမှတ်ခံရ

အောက်တိုဘာ ၁၁

ကစားကွင်းတစ်ခုမှာ ကလေးကို ကြိမ်းမောင်းခဲ့ခြင်းကြောင့် သွားရောက်ထိုးကြိတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ထိုးကြိတ်ခဲ့တဲ့ ဖခင် ထောင်ဒဏ်ချမှတ်ခံရပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်က ဝမ်ချွန်ရှောင်း အမည်ရှိ ဖခင်တစ်ဦးဟာ Pandan Gardens ရဲ့ အချက် အချာနေရာ Bouncy Paradise ကစားကွင်းမှာ သူ့ရဲ့ကလေးငယ်နှစ်ဦး၊ အခြားမိသားစုဝင်တွေနဲ့အတူ ရှိနေခဲ့ပါတယ်။

ဝမ်ရဲ့သားတစ်ယောက်က သူ့ကို ကစားကွင်းမှာ လူကြီးတစ်ယောက်က ကြိမ်းမောင်းလိုက်တယ်လို့ ဆိုတာကြောင့် ကစားကွင်းထဲ ထိုင်နေတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးဆီ သွားရောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။ ထိုးကျိတ်ခံရတဲ့အမျိုးသားဟာ ဆေးခွင့် ၁၄ ရက် ယူထားရပြီး အမြဲတမ်း အာရုံကြောထုံကျင်ခြင်းနဲ့ အမာရွတ် စတဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ချေရှိတယ်လို့ သိရပါ တယ်။ ဝမ်ရဲ့အပြုအမူကို ရက်စက်ကြမ်းကြုတ်ပြီး တစ်ဖက်သတ်ဆန်တဲ့အခြေအနေအဖြစ် သတ်မှတ်ထားပြီး လိုအပ်တာထက် သားကောင်ကို ပိုမိုကျူးလွန်ခဲ့တယ်လို့ အစိုးရရှေ့နေက ပြောကြားပါတယ်။

ယခု အောက်တိုဘာ ၉ ရက်မှာတော့ ဝမ်ကို ထောင်ဒဏ် ၉ လ ချမှတ်ခံခဲ့ရပြီး လျော်ကြေးငွေ ဒေါ်လာ ၄၀၈ ခန့် ပေးဆောင်ဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image