ကိုးကန့် ဝေမိသားစု မှ ဝေစန် နှင့် အခြား အဓိက ပါဝင်ပတ်သက်သူများကို ချွမ်းကျိုးမြို့တရားရုံးတွင် တရားစွဲဆို
အောက်တိုဘာ ၁၁
ကိုးကန့် ဝေမိသားစု မှ ဝေစန် နှင့် အခြား အဓိက ပါဝင်ပတ်သက်သူများကို ချွမ်းကျိုးမြို့တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း တရုတ်နိုင်ငံ၏ တရားရေးဌာနက ထုတ်ပြန်ထားသောအချက်အလက်များအရ သိရသည်။
မကြာမီက တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်၊ ချွမ်းကျိုးမြို့တရားရုံးက စစ်ဆေးသုံးသပ်မှုများ ပြုလုပ်ပြီးနောက် ထိုသို့ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် အခြေစိုက်ကာ လက်နက်ကိုင်အင်အားဖြင့် တရုတ်နိုင်ငံသားများအား တယ်လီကွန်မြူနီကေးရှင် အသုံးပြုလိမ်လည်မှု အပါအဝင် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော ဝေဟွိုင်ရင် (ခေါ်) ဝေစန် နှင့် အခြားသော အဓိက ပါဝင်ပတ်သက်သူများ အား ချွမ်းကျိုးတရားရုံးတွင် တရားစွဲဆိုလိုက်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတို့ကို တရားစွဲဆိုရာတွင် လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ခြိမ်းခြောက် ငွေညှစ်မှု စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit - NP News Agency
#centralnewsnaypyitaw