2 ပတ် - ဘာသာပြန်ပါ။

"🇫🇷ပြင်သစ်စာသင်ပြီးရင်ဘာလုပ်ရမလဲ"ဆိုတဲ့စကားက လတ်တလောမှာ ဘာသာစကားလေ့လာသင်ယူနေတဲ့သူတွေ မေးလာတဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်
🗣 ဘာသာစကားတစ်ခုကိုတတ်မြောက်ထားခြင်းက မျက်စိ၊နားနဲ့ နှလုံးသားကို တပြိုင်နက်တည်းဖွင့်ပေးလိုက်ခြင်း ဖြစ်ပါတယ်
✨အခုခေတ်မှာ English နဲ့အတူ လူငယ်အကြားခေတ်စားနေတဲ့ဘာသာစကားကတော့ French (ပြင်သစ်စာ) ပါပဲ
🤔ဒါဆို ပြင်သစ်စာသင်ပြီးရင် ဘာလုပ်လို့ရမလဲ?
1. 📚 ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းများတယ်
ပြင်သစ်စာတတ်ရင် ပြင်သစ်မှာတက္ကသိုလ်တွေမှာ Master Degree Program တွေကို Scholarship နဲ့တက်နိုင်ပါတယ်
→ Campus France, Eiffel Scholarships, Erasmus+ စတဲ့အခွင့်အရေးတွေရှိတယ်။
→ UN, UNESCO, NGOs, EU-based Organizations တွေမှာ French စကားပြောတတ်တာနဲ့ အဆင်ပြေနေပြီ
→ ပြည်တွင်းမှာလည်း ပြင်သစ်စကားပြောတတ်သူနဲ့ မပြောတတ်သူကြားက လစာ၊အခွင့်အရေးက တဖြည်းဖြည်းကို မတူတော့ပါဘူး
2. 👔 ပြင်သစ်ကုမ္ပဏီတွေနဲ့အလုပ်လုပ်နိုင်ခြင်း
ပြင်သစ်ဆိုင်ရာ NGO တွေ၊ သံရုံး၊ လုပ်ငန်းတွေအတွက် ပြင်သစ်စာတတ်ထားတဲ့သူကတော့ အခွင့်အလမ်းအများကြီးရဖို့ အလားအလာကောင်းတွေရှိပါတယ်
→ UN, YSEALI, AFD, Médecins Sans Frontières စတဲ့ အဖွဲ့အစည်းတွေမှာလည်း advantage ဖြစ်ပါတယ်
3. 🌍 ပြင်သစ်နိုင်ငံ/ဥရောပနိုင်ငံများတွင် အလုပ်အကိုင်အခွင့်အလမ်းပေါများခြင်း
Francophone နိုင်ငံတွေ (ပြင်သစ်စကားသုံးတဲ့နိုင်ငံများ) — Belgium, Canada, Luxembourg, Senegal စတဲ့နေရာတွေမှာ ပြင်သစ်စာတတ်ရင် အလုပ်အခွင့်အလမ်းများပါတယ်
4. 📝 Translator, Freelance Teacher,Content Creator လုပ်လို့ရခြင်း
→ဒီခေတ်ကြီးထဲမှာ လေ့လာသင်ယူနေတဲ့သူတွေ များလာတာမို့ Translator, French Tutor, Online Language Coach, Blogger, YouTuber စတဲ့အလုပ်မျိုးများလုပ်နိုင်ပါတယ်
→ ဒါ့အပြင် DELF/DALF ဆိုတဲ့ ပြင်သစ်စာစစ်တွေမှာအောင်မြင်ရင် ဆရာ/ဆရာမအဖြစ်လည်းဆက်လက်လုပ်နိုင်ပါတယ်
5. 💼 CV Form ထဲမှာ အထင်ကြီးတဲ့ skill တစ်ခုဖြစ်လာခြင်း
→ပြင်သစ်စာတတ်မြောက်ထားခြင်းက နိုင်ငံတကာ အဖွဲ့အစည်းလုပ်ကိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ခြင်း
→ especially for jobs in Diplomacy, Education, Humanitarian Aid, and Tourism.
6. ✈️ 🧳ခရီးသွားဖို့အတွက် Most Useful Language ဖြစ်ခြင်း
France ဆိုတာ European Culture ရဲ့ အဓိကမြို့တော်ဖြစ်လို့ခရီးသွားသူအများဆုံးအနေနဲ့နံပါတ် ၁ ဖြစ်တဲ့နိုင်ငံ
→ Paris, Nice, Lyon, Bordeaux, Strasbourg တို့ကိုသွားတဲ့အခါ French စကားနည်းနည်းတောင် ပြောတတ်ရင် ပိုပြီးအဆင်ပြေပါတယ်
→ ခရီးသွားသူအများဆုံးအနေနဲ့နံပါတ် ၁ ဖြစ်တဲ့နိုင်ငံ
→ ပြင်သစ်စာတတ်ရင် Tour guide မလိုဘဲ ကိုယ့်ဟာကိုယ် ခရီးတွေသွားနိုင်တယ်(Budget ချွေတာနိုင်)
7. 🎬 ပြင်သစ်ရုပ်ရှင်၊ ဂီတနဲ့အနုပညာတွေကိုခံစားနိုင်တယ်
→ French Drama, Netflix French Series, Old Classics, Romance Films တွေကို subtitle မလိုပဲကြည့်လို့ရတယ်၊အထူးသဖြင့် (Timothée Chalametကိုအရမ်းကြိုက်လို့💐)
→ 🇫🇷French culture (fashion, art, cinema) ကို ပိုနားလည်လာတယ်
➜ဘာသာစကားတစ်ခုကိုသင်ယူခြင်းကနောက်ကွယ်မှာရှိနေတဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ အလုပ်အကိုင်နဲ့ကိုယ့်ကိုယ်ကိုယ် တိုးတက်လာဖို့ အတွက်ပါပဲ
🥰 ဒါဆို you တို့ရော ဘာကြောင့် ပြင်သစ်စာကို သင်နေတာလဲ?
#frenchlanguage
#studyabroad
#campusfrance #thedream #frenchlover #apprendrelefrancais #learnfrenchwithme #frenchvibes #frenchlanguage #ပြင်သစ်စာသင်ကြမယ် #learnfrench

image