15 ပတ် - ဘာသာပြန်ပါ။

ဆေးရည်ဖျော်ခြင်း အနုပညာ
ဆေးရည်တွေမှာ အစကတည်းကအရည်အတိုင်းလာတဲ့ syrupနဲ့ အမှုန့်ကို ရေထည့်ဖျော်ရတဲ့ suspensionဆိုပြီး ရှိပါတယ်။
ဆေးခန်းမှာ လူနာကြည့်ရင်း အမှုန့်ကို ရေဖျော်တဲ့နေရာမှာ အလွဲလေးတွေ
တွေ့ဖူးလို့ ရေးလိုက်ပါတယ်။
များသောအားဖြင့် antibiotics(ပိုးသတ်ဆေး)တွေက powder for suspension အမှုန့်ကို ရေဖျော်ရတဲ့ ပုံစံနဲ့ လာလေ့ရှိပါတယ်။
အဲဒီလိုဆေးတွေ တိုက်တဲ့အခါ
သတ်မှတ်ထားတဲ့ ပမာဏအတိုင်း
ပုလင်းထဲမှာ ရေသန့်/ရေကျက်အေး တို့နဲ့ ပျော်အောင် အရင်ဖျော်ပြီးမှ
ဖျော်ပြီးသားအရည်ကို ၁ဇွန်း၊ဇွန်းတဝက် တစ်နေ့ဘယ်နှကြိမ် အစရှိသဖြင့်
တိုက်ရမယ့်ပမာဏအတိုင်း
တိုက်ရပါတယ်။အဲဒီလို စနစ်တကျဖျော်မှ ၁ဇွန်း(5ml)မှာ ပါတဲ့ ဆေးပမာဏ
မှန်ကန်တာပါ။
ကိုယ့်ဆီလာပြရင်တော့ ဆေးဘူးမှာ
ရေထည့်ရမယ့်ပမာဏကို မှင်နဲ့မှတ်ပေးပြီး သေချာမှာပါတယ်။တချို့အမေတွေ
ဆေးခန်းလာပြတော့ ဘာဆေးတိုက်နေလဲ မေးလိုက်တာ တိုက်နေတဲ့ဆေးဘူး ထုတ်ပြတော့ ဆေးက အမှုန့်အတိုင်းပဲ။ဘယ်လိုတိုက်နေလဲ မေးတော့
ရေ၁ဇွန်းထဲကို အမှုန့်ထည့်ထည့်ပြီး ဖျော်တိုက်တာပါတဲ့။အဲဒီလိုတိုက်ရင်တော့ ဆေးပမာဏ ဘယ်လိုမှ မမှန်နိုင်ပါဘူး။
ခုထိကို သေချာမသိဘဲ အမှားတွေ
လုပ်နေတာ ရှိနေကြပါတယ်။
ကြုံလို့ ပြောရရင် ဓာတ်ဆားရည်ဖျော်တာလည်း အတူတူပါပဲ။
ရေ၁လီတာနဲ့ ဖျော်ရတဲ့ အထုပ်တွေဆို ရေ၁လီတာနဲ့ ဖျော်ပြီးမှ ဖျော်ပြီးသား အရည်ကိုမှ ၂၄နာရီအတွင်း
ဝင်သလောက် ခွဲခွဲတိုက်ပေးတာက
အမှန်ပါ။
မကုန်မှာစိုးလို့ အမှုန့်နည်းနည်း
ရေနည်းနည်းစီ
ဖျော်တိုက်နေကြသူတွေလည်း ရှိပါတယ်။ခွဲဖျော်ရင် ပါဝင်တဲ့ ဆားဓာတ် ရေဓာတ် ပမာဏတွေ မမှန်ပါဘူး။
မမှန်ရင် အကျိုးမရှိတဲ့အပြင်
ပိုတောင်ဆိုးတတ်ပါတယ်။
ဓာတ်ဆားရည်မှာ ပါဝင်တဲ့ ဆားဓာတ်နဲ့ရေဓာတ်တွေက ဝမ်းလျှောနေတဲ့အချိန်မှာ အူနံရံကနေ အကောင်းဆုံး
စုပ်ယူနိုင်အောင် ဖော်စပ်ထားတာပါ။
ခွဲဖျော်တဲ့အခါ ပမာဏမမှန်ဘဲ
ဆားဓာတ်များသွားတဲ့အခါ အူကမစုပ်ယူတဲ့အပြင် ပိုတောင် လျှောစေပါတယ်။ဆားနည်းပြီး ရေများနေရင်လည်း
မကောင်းပါဘူး။
ရေ၁လီတာမကုန်ရင် ရေ၁ဖန်ခွက်နဲ့
ဖျော်ရတဲ့ အထုပ်လေးတွေကို
ရေ၁ဖန်ခွက်နဲ့ ဖျော်တိုက်လို့လည်း
ရပါတယ်။
၁ခွက်ဆို၁ခွက် ၁လီတာဆို ၁လီတာမှန်ဖို့တော့လိုပါမယ်။
RoyalDလိုမျိုး သီးစုံဓာတ်ဆားထုပ်တွေကိုကျတော့ ဝမ်းသွားနေချိန် လုံးဝမတိုက်သင့်ပါဘူး။သီးစုံဓာတ်ဆားထုပ်တွေကတော့ ရေ၁ဖန်ခွက်(250cc)နဲ့ ဖျော်ရတာပါ။
ချွေးထွက်များလို့ ရေဓာတ်ဆုံးရှုံးတဲ့အခါမျိုးတို့ အစာသိပ်မစားချင် လူနုန်းနေလို့ လန်းဆန်းအောင် သောက်ချင်ရင် သောက်လို့ရပါတယ်။အန်တာ ဝမ်းလျှောတာရှိရင် မသောက်သင့်ပါဘူး။
ဓာတ်ဆားရည်နဲ့ မှားတတ်တာ
နောက်တစ်ခုက Bioflor,Kidlac,Bilac စတဲ့ probiotics လို့ခေါ်တဲ့ အူလမ်းကြောင်းအကျိုးပြုပိုးမွှားတွေပါဝင်တဲ့ အထုပ်လေးတွေပါ။
သူက ဝမ်းပျက်တဲ့အချိန် အူလမ်းကြောင်းထဲက ကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို အားပေးတဲ့အတွက် ဝမ်းလျှောနေချိန်မှာ သက်သာဖို့
အထောက်အကူပြုပါတယ်။
Probiotic တွေကိုတော့ ရေ၁ဇွန်းခန့်နဲ့ပျော်ဝင်အောင် ဖျော်ရင်ရပါတယ်။
တိကျတဲ့ရေပမာဏတော့ မလိုပါဘူး။
တချို့က Probioticကို
ဓာတ်ဆားနဲ့မှားတတ်ကြသေးတယ်။
ဝမ်းလျှောလို့ လက်ညိုးဓာတ်ဆားထုပ်
တိုက်ထားတယ်ပြောလို့ ကြည့်လိုက်တော့ probiotic ဖြစ်နေတယ်။
Probiotic က ဝမ်းလျှောရင် အထောက်အကူပြုတယ်ဆိုပေမယ့် ဝမ်းသွားလို့
ဆုံးရှုံးသွားတဲ့ဆားဓာတ် ရေဓာတ်တွေကို
မဖြည့်ပေးနိုင်ပါဘူး။
ဓာတ်ဆားရည်ဝင်ဖို့က
ပိုအရေးကြီးပါတယ်။
နည်းမှန် လမ်းမှန်နဲ့ အမှုန့်မျိုးစုံကို
ဖျော်စပ်တိုက်တတ်ကြပါစေ။
ပုံတွေထည့်ထားတာက လက်လှမ်းမီရာ
ထည့်ထားတာပါ။
ဒီတံဆိပ် ဒီပုံစံလို့
ပုံသေပြောချင်တာမဟုတ်ပါဘူး
Credit to ကိုယ်ပိုင်သင်ပုန်း
#ကျန်းမာရေးဗဟုသုတ

image