➡Yoga ဆိုတာ ဘာလဲ ?
Yoga ဆိုသောစကားသည် sanskrit သက္ကတဘာသာ (Yog)၊ English (Yoke) မှလာပြီး Union စုစည်းခြင်း ပေါင်းစပ်ခြင်း တစ်စည်းတစ်လုံးတည်း ဖြစ်စေခြင်းဟု အဓိပ္ပါယ်ရသည်။
တနည်းအားဖြင့် #ခန္ဓာကိုယ် #စိတ် နှင့် #ဝိဉာဏ် Body,Mind & Soul တို့ကို အတူတကွ ပေါင်းစပ်လေ့ကျင့်ရခြင်း ဖြစ်သည်။
ယောဂကျင့်သော အမျိုးသားကို ယောဂီ Yogi၊ အမျိုးသမီးကို ယောဂိနီ Yogini ဟု ခေါ်သည်။
➡Yoga သည် အားကစားနည်း တစ်ရပ်လား ?
Yoga သည် အားကစားတစ်ရပ်မဟုတ်ပါ။
ကမ္ဘာပေါ်တွင် အားကစားနည်းပေါင်း ၁၅၀ ခန့်ရှိပြီး မြန်မာပြည်တွင် ၃၆ မျိုးခန့် ရှိသည်။
Yoga သည် ခန္ဓာကိုယ်၊ စိတ် နှင့် အသက်ရှုရှိုက်မှုတို့ကို ပေါင်းစပ်လေ့ကျင့်ရသော ကျင့်စဉ်တစ်ရပ်သာဖြစ်သည်။
➡Yoga သမိုင်းကဘာလဲ ?
Yoga သည် အိန္ဒိယရိုးရာရှေးဟောင်းပညာရပ်တစ်ခု ဖြစ်သည်။
Yoga ကိုစတင်ခဲ့သူမှာ ဟိန္ဒူဘုရား Shiva သျှီဗား(သီဝ) ဖြစ်သည်။ BC ၁ ရာစုခန့်လောက်တွင် Patanjali ပတန်ဂျလီ ရသေ့သူမြတ်သည် Sankrit သက္ကတဘာသာဖြင့် Yoga Sutra #ယောဂသုတ္တကျမ်း ကို စနစ်တကျ ရေးသားပြုစုခဲ့သည်။
၂၀ ရာစု အစပိုင်းတွင် အိန္ဒိယယောဂီ ဆွာမိများသည် အင်္ဂလန် အမေရိကန်တို့တွင် ပညာစတင်ဖြန့်ဖြူးရာမှ ပညာရှင်များ၏ သိပ္ပံနည်းကျလေ့လာမူဖြင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။
ယနေ့ခေါတ်တွင် တစ်ကမ္ဘာလုံးတွင် နေ့စဉ် ယောဂကျင့်ကြံနေသူပေါင်း သန်း ၁၀၀ ခန့် ရှိသည်ဟု သိရသည်။