2 w - Translate

Labubu အရုပ်ဟာ ဟောင်ကောင်အနုပညာရှင် Kasing Lung ဖန်တီးခဲ့တဲ့ "The Monsters" ဇာတ်ကောင်စီးရီးမှ ထွက်ပေါ်လာတဲ့ အရုပ်ဖြစ်ပါတယ် ၎င်းကို တရုတ်ကုမ္ပဏီ Pop Mart က Blind Box စနစ်နဲ့ ရောင်းချခဲ့ရာမှ ကမ္ဘာကျော် လူကြိုက်များလာခဲ့တဲ အရုပ်ဖြစ်လာခဲ့ပါတယ်
Labubu အရုပ်တွေ အလွန်အမင်း ရေပန်းစားလာမှုကြောင့် Pop Mart ရဲ့တည်ထောင်သူ Wang Ning ဟာ ၂၀၂၅ ခုနှစ် ဇွန်လမှာ ဒေါ်လာ ၂၂.၁ ဘီလီယံခန့်နဲ့ တရုတ်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဘီလီယံနာတွေထဲမှ တစ်ဦး ဖြစ်လာခဲ့ပါတယ် အဲ့ဒီအချိန်က သူဟာ Alibaba တည်ထောင်သူ Jack Ma ရဲ့ပိုင်ဆိုင်မှုကိုတောင် ကျော်သွားခဲ့ပါတယ်
ဒါပေမဲ့ Labubu ရဲ့ ရေပန်းစားမှုဟာ ရုတ်တရက် အေးစက်သွားခဲ့ပြီး ကုမ္ပဏီအတွက် ကြီးမားတဲ့ ဘဏ္ဍာရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ် Pop Mart ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးနှုန်းတွေဟာ ကျဆင်းခဲ့ပြီး ၂၀၂၅ ခုနှစ် သဩဂုတ်လမှစပြီး ဈေးကွက်တန်ဖိုး စုစုပေါင်း ဒေါ်လာ ၁၃ ဘီလီယံခန့် ဆုံးရှုံးခဲ့ရပါတယ်
ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေ ကျဆင်းမှုကြောင့် တည်ထောင်သူ Wang Ning ရဲ့ ပိုင်ဆိုင်မှုဟာလည်း တစ်လအတွင်း ဒေါ်လာ ၆ ဘီလီယံခန့် ဆုံးရူံးသွားခဲ့ပါတယ်
ဒီလိုတွေကျဆင်းသွားရခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတွေ ရှိပါတယ် Labubu ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Labubu 4.0 စတင်ရောင်းချပြီးနောက် Pop Mart က ထုတ်လုပ်မှု ပမာဏကို တိုးမြှင့်ခဲ့ပါတယ် အရုပ်တွေကို လွယ်လွယ်ကူကူ ဝယ်ယူရရှိလာတဲ့အခါ ယခင်လို ရှားပါးမှု နဲ့ စုဆောင်းရတဲ့ စိတ်လှုပ်ရှားမှုတွေလျော့နည်းသွားခဲ့ပါတယ်
ထုတ်လုပ်မှု တိုးမြှင့်လာတာကြောင့် Resale စျေးကွက် ရှိ အရုပ်ဈေးနှုန်းတွေဟာ သိသိသာသာ ထိုးကျခဲ့ပါတယ် အချို့အရုပ်တွေရဲ့ ဈေးနှုန်းတွေဟာ မူလထုတ်လုပ်စဉ်ကထက် ၄၀% မှ ၅၀% အထိ လျော့ကျသွားခဲ့ရာ စုဆောင်းသူတွေဟာ ဝယ်ယူမှုကိုရပ်ဆိုင်းခဲ့ကြပါတယ်
နောက်ပြီး တရုတ်နိုင်ငံမှာ "Blind Box" စနစ်ကို နိုင်ငံပိုင်မီဒီယာတွေက ဝေဖန်မှုတွေရှိလာပြီး အတုအပပြဿနာတွေကလည်း ပေါ်ပေါက်ခဲ့ပါတယ် ဒါတွေကြောင့်ဘဲ စျေးကွက်တန်ဖိုး ကျဆင်းသွားခဲ့ရတာဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image