လန်ဒန်မြို့က အမျိုးသမီးတစ်ဦးဟာ ဘယ်နေရာကိုမှ သွားဖို့မဟုတ်ဘဲ သူမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည်ရဲ့အသံကို နားထောင်ဖို့အတွက် နေ့တိုင်း မြေအောက်ရထားကို စီးလေ့ရှိပါတယ်
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက သူမရဲ့ ခင်ပွန်းဟာ ခရီးသည် သန်းပေါင်းများစွာ ကြားနေရတဲ့ လန်ဒန်မြေအောက်ရထားရဲ့ ထင်ရှားကျော်ကြားတဲ့ သတိပေးသံ “Mind the Gap” (ရထားနဲ့ ပလက်ဖောင်းကြား အကွာအဝေးကို သတိထားပါ) ကို အသံသွင်းပေးခဲ့ဖူးပါတယ် သူဆုံးပါးသွားတဲ့အခါမှာ အဲဒီရင်းနှီးကျွမ်းဝင်တဲ့ အသံဟာ သူမအတွက် သူ့ခင်ပွန်းနဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ဆက်သွယ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ် နှစ်ပေါင်းများစွာကြာအောင် သူမဟာ ခင်ပွန်းရဲ့ အသံကို ကြားချင်ရုံသက်သက်နဲ့နေ့တိုင်း အဲဒီလမ်းကြောင်းအတိုင်း စီးနင်းလေ့ရှိပါတယ်
ပို့ဆောင်ရေးစနစ် ခေတ်မီပြီး အသံသွင်းမှုအသစ်နဲ့ အစားထိုးလိုက်တဲ့အခါ သူမဟာ အရမ်းကို ဝမ်းနည်းပူဆွေးခဲ့ရပါတယ် ဒါပေမဲ့ သူမရဲ့ ဇာတ်လမ်းဟာ လူသိရှင်ကြား ဖြစ်သွားတဲ့နောက်မှာတော့ အရာရှိတွေဟာ သူမခင်ပွန်းရဲ့ မူရင်းအသံ ကို ပြန်လည်အသုံးပြုပေးခဲ့ပါတယ် ဒါကြောင့် သူမဟာ အဲဒီအသံကို ဆက်လက်နားဆင်ခွင့် ရခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts