📖 မီးလျှံထက်က . . . နှင်းဆီ 📖 ဝတ္ထုလေးဟာ သုံးပွင့်ဆိုင်အချစ်ဝတ္ထုရှည်တစ်ပုဒ် ဖြစ်ပြီး
‘ကိုယ်ပွား’ ရုပ်ရှင်ဇာတ်ကား၏ မူရင်းဝတ္ထုလည်း ဖြစ်ပါတယ်။
တစ်ခါတစ်ရံတော့
အချစ်ဆိုတာ
စိန်ခေါ်မှုပါဝင်တဲ့ မျက်လှည့်တစ်ပွဲနဲ့ ဆင်တူတယ်၊
မျက်လုံးအဝိုင်းသား...၊ အံ့ဩမှုအပြည့်နဲ့...
လှပဆန်းကြယ်တဲ့ အလှည့်အပြောင်း လှည့်စားမှုတွေကို...
ပိပိရိရိ သေသေသပ်သပ်နဲ့ အညာခံနေရမှန်း သိသိကြီးနဲ့
မိန်းမောရီဝေနေတော့တာလေ...၊
မျက်လှည့်ပြတာမြင်တိုင်း မကြည့်ဘဲ မနေနိုင်သလို...
အချစ်ဆိုတဲ့အရာနဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်တိုးမိတဲ့အခါ...
မချစ်ဘဲလည်း မနေနိုင်ပြန်ဘူး ဆိုပါတော့လေ.....။
ခွန်စင်ကြယ်နဲ့ ဓူဝံလို့အမည်ရတဲ့ အမြွှာညီအစ်ကို နှစ်ယောက်က မိဘများရဲ့မသင့်တင့်မှုကြောင့် ငယ်ငယ်လေးကတည်းက ကွဲကွာသွားပြီး ပြန်တွေ့တဲ့အခါ အမေ့မေတ္တာကို လိုချင်တဲ့ ညီငယ်ဓူဝံနဲ့ အဖေ့မေတ္တာကို လိုချင်တဲ့ အကိုကြီးခွန်စင်ကြယ်တို့နှစ်ယောက်က နေရာချင်းလဲလိုက်ပါတော့တယ်။
အကိုကြီးခွန်စင်ကြယ်ကြိတ်ကြွေနေတဲ့ ရိုးရိုးအေးအေးမြန်မာဆန်တဲ့ ပျို့ရောင်နီလို့အမည်ရတဲ့ ကောင်မလေးရဲ့အချစ်ကို ပြန်ရဖို့ ခွန်စင်ကြယ်အတွက် ကြိုးစားပေးနေရင်း ဓူဝံတစ်ယောက် ပျို့ရောင်နီကို ချစ်မိသွားတဲ့အခါမှာတော့.....................
ကဲ အခုလိုလွမ်းလွမ်းဆွေးဆွေးမိုးဦးကာလလေးမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးနဲ့မဆွေးချင်ကြဘူးလား . . .
စိတ်ဝင်စားတယ်ဆိုရင်တော့ ဆရာမလွန်းထားထားရဲ့ "မီးလျှံထက်က. . . နှင်းဆီ" လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးကို ရွေးချယ်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်နော်
လုံးဝမတွေးမိတဲ့ ဇာတ်သိမ်းလေးနဲ့ လှလှပပလေးအဆုံးသတ်ထားတာနော်
Credit