ပူစီနံရွက်ရည်ထဲ သံပုရာသီးညှစ်ထည့်ပြီး သောက်ခြင်းဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ သဘာဝဖျော်ရည် တစ်မျိုးပါပဲ။
အဓိကကျန်းမာရေးအကျိုးကျေးဇူးများ.......
ဒီဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် အောက်ပါဝေဒနာများကို သက်သာစေနိုင်ပါတယ်။
* အစာခြေစနစ် - ဗိုက်အောင့်ဗိုက်နာ၊ လေထိုးလေအောင့်
နှင့် အစာမကြေခြင်းတို့ကို သက်သာစေပြီး အစာခြေစနစ်
ကို ကောင်းမွန်စေပါတယ်။
* ကိုယ်အလေးချိန်ထိန်းညှိခြင်း - ခန္ဓာကိုယ်မှ အဆီပိုများ
ကို လောင်ကျွမ်းစေရန် ကူညီပေးပါတယ်။
* နာကျင်ကိုက်ခဲမှု - ခေါင်းကိုက်ဝေဒနာ၊ မိုင်ဂရင်း နှင့်
လက်ဖျားခြေဖျား ထုံကျဉ်ခြင်းတို့ကိုလည်း သက်သာစေ
နိုင်ပါတယ်။
* အသက်ရှူလမ်းကြောင်း - ပန်းနာရင်ကျပ် နှင့် လေပြွန်
ရောင်ရမ်းခြင်းတို့အတွက်လည်း အကျိုးပြုပါတယ်။
* ကိုယ်ခံအား - မကြာခဏသောက်ပေးပါက ကိုယ်ခံအား
ကို တိုးတက်စေပြီး ဖျားနာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
🍵 ပြုလုပ်နည်းနှင့် သောက်သုံးပုံ
💁♀️ ပြုလုပ်နည်း.....
ပူစီနံရွက် လက်တစ်ဆုပ်စာ ကို ရေ ၁.၅ လီတာ ဖြင့် ၁၀ မိနစ်ခန့် အလယ်အလတ်မီးဖြင့် ကျိုချက်ပါ။ ထို့နောက် ရေစစ်ပြီး ပူစီနံရွက်ပြုတ်ရည်ကို အအေးခံထားပါ။
☕️ သောက်သုံးနည်း....
မနက်စာနှင့် ညစာစားပြီးချိန်တိုင်းတွင် ပြုတ်ရည် ကော်ဖီခွက်တစ်ဝက်ခန့်ကို ယူပြီး သံပုရာသီးတစ်စိတ် ညှစ်ထည့်ကာ သောက်သုံးနိုင်ပါတယ်။
လုပ်ကြည့်လိုက်ပါ! ဒီရိုးရှင်းတဲ့ နည်းလမ်းလေးနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေမှာ အသေအချာပါပဲ။ 🤩💪