ဆေးဖက်လည်းဝင် စားလို့လဲကောင်းတဲ့ မြင်းခွာရွက်သုပ် 😋
ပြုလုပ်နည်း.....
မြင်းခွာရွက် လက်တဆုပ်စာလောက်ကို သေချာရေဆေး သန့်စင်ပြီး ပါးပါးလေးတွေလှီးထားပါ။
ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်းတဇွန်းလောက်ထည့်ပါ။
မြေပဲလှော်နှစ်ဇွန်းလောက် ထောင်းထည့်၊
ပုဇွန်ခြောက်ထောင်းထည့်၊
ကျွန်မကတော့ ပုဇွန်ခြောက် အကောင်လိုက်လေးတွေကြိုက်လို့အကောင်လိုက်လေးတွေလည်း ထည့်ပါတယ်။
ငရုပ်သီးစိမ်း ငါးတောင့်လောက်နဲ့ ကြက်သွန်နီတလုံးလောက် ပါးပါးလေးလှီးထည့်ပါ။
ကြက်သားမှုန့်လေး နည်းနည်းနဲ့ ပိုပြီးစေးစေးလေးဖြစ်အောင် ပဲကျက်မှုန့်လေး တဇွန်းလောက်ထပ်ထည့်ပါတယ်။
သံပုရာသီးလေးညှစ်ထည့်ပြီး အားလုံးရောသုပ်လိုက်ပါတယ်။
ခရမ်းချဥ်သီးကြိုက်ရင် တစ်လုံးလောက် ပါးပါးလှီးထည့်ပါ။
ဒါဆိုရင် ဆေးဖက်ဝင် မြင်းခွာရွက်သုပ်လေး စားလို့ရပါပြီး.. 😋😋😋