❝ထန်းတပင်မြို့နယ်မှာ ၂၂ ဘီးကားကို အထည်ချုပ်စက်ရုံ ဖယ်ရီကားက ဝင်တိုက်မိလို့ အလုပ်သမား ၂၅ ဦး ဒဏ်ရာရ❞
အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီ၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အနော်ရထာလမ်းမပေါ်မှာ ၂၂ ဘီးကားတစ်စီးကို အထည်ချုပ်စက်ရုံ ဖယ်ရီကားက ဝင်တိုက်မိရာကနေ အလုပ်သမား ၂၅ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်တစ်ခု အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီအခန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖယ်ရီကားဟာ MEIER GLOBAL အထည်ချုပ်စက်ရုံကဖြစ်တယ်လို့ သိရပြီး အနောက်ပိုင်းတက္ကသိုလ်အဝိုင်းကနေ ရခိုင်ရိုးလေးကျေးရွာဘက်ကို မောင်းနှင်လာစဥ် ရခိုင်ရိုးလေးကျေးရွာဘက်ကနေ အနောက်ပိုင်းတက္ကသိုလ်အဝိုင်းဘက်ကို မောင်းနှင်လာတဲ့ ၂၂ ဘီးကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို ဝင်တိုက်မိပြီးနောက်ဟာ ဖယ်ရီကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ပိတောက်ပင်ကြီးကို ထပ်မံဝင်တိုက်မိခဲ့တာလို့ သိရပြီး ဖြစ်စဥ်ကြောင့် အလုပ်သမားတွေထဲက အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂၁ ဦးတို့ ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ကြလို့ လှိုင်သာယာမြို့နယ်ဆေးရုံကို ပို့ဆောင်ထားသလို ဖယ်ရီကားမောင်းတဲ့ ဦးဝင်းချို ဆိုသူကိုလည်း အရေးယူထားတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw