ထိုင်းနိုင်ငံမှာ ခွင့်ပြုချက်မရှိဘဲဖွင့်ထားတဲ့ မြန်မာစာသင်ကျောင်းကို အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီး ဆရာ၊ ဆရာမ ၂၇ ဦးကို ဖမ်းဆီး

အောက်တိုဘာ ၁၀

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် ၊ကရထုန်ဘဲန်မြို့နယ်၊ ထာမိုင်းရပ်ကွက်မှာ ခွင့်ပြုချက်မရှိဘဲဖွင့်ထားတဲ့ မြန်မာစာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာလ ၉ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးပြီး ဆရာ၊ ဆရာမ ၂၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

အဲဒီကျောင်းနေရာဟာ ယခင်က ကျောင်းဖွင့်ခွင့်လိုင်စင် ရုပ်သိမ်းခံထားရတဲ့ နေရာဖြစ်သလို ဌာနေ တိုင်းရင်းသားလူနည်းစုတွေအတွက် လူငယ်စခန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖို့ မြေပိုင်ရှင်ထံကနေ ငှားရမ်းထားတဲ့မြေနေရာဖြစ်ပြီး စာသင်ကျောင်းအဖြစ် အသုံးပြုဖို့ ခွင့်ပြုချက်တောင်းခံထားတာမရှိဘူးလို့ ဆိုပါတယ်။

စာသင်ကျောင်းကို ဝင်ရောက်စစ်ဆေးတဲ့အခါ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ် ၉ဝဝ နီးပါးတက်ရောက်နေတာတွေ့ရသလို ၎င်းကလေးငယ်တွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာ ဆရာမ (၂၇)ဦးကိုပါ တွေ့ရှိခဲ့ပြီး သူတို့မှာ စာသင်ကြားခွင့်အတွက် အထောက်အထားမရှိဘဲ အခြားအလုပ်ပါမစ်ကိုသာ ကိုင်ဆောင်ထားကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လို့ ၎င်းတို့ကို အလုပ်ပါမစ်နဲ့ မကိုက်ညီတဲ့အလုပ်ကို လုပ်ကိုင်ခြင်းအတွက် အရေးယူမှာဖြစ်သလို တရားမဝင်ဖွင့်ထားတဲ့ စာသင်ကျောင်းနဲ့ပတ်သက်ပြီးတော့ ပိုင်ရှင်တွေ၊ ဆရာမတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို စုံစမ်းစစ်ဆေးပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းတယ်လို့လည်း သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image