❝လှိုင်သာယာ တရားရုံးအနီးကနေ စွန့်ပစ်ရုပ်အလောင်းတွေ့ ရှိဟုဆို❞
အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တရားရုံးအနီးကနေ စွန့်ပစ်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတစ်ခုကို အောက်တိုဘာ ၉ ရက်၊ မနက် ၇ နာရီခန့်အချိန်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
စွန့်ပစ်ခံထားရတဲ့ အဲဒီရုပ်အလောင်းဟာ ပန်းလှိုင်မြစ်ကမ်းဘေး ပဒံကျေးရွာအပိုင် ကမ်းဖြူရွာက အမျိုးသားဖြစ်တယ်လို့ သိရပြီး စက်မှုဇုန် လုံခြုံရေးဝန်ထမ်းတစ်ဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။
သူသေဆုံးရတဲ့အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ကားတိုက်ခံရလို့ သေဆုံးသွားကို စွန့်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပြီး သူ့ရုပ်အလောင်းနဲ့ မလှမ်းမကမ်းနေရာမှာ စက်ဘီးပျက်စီးနေတာကို တွေ့ရသလို သေဆုံးသူဟာလည်း ခြေကျိုး၊ လက်ကျိုး၊ ခေါင်းထိခိုက်ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်လို့ သိရပါတယ်ယ
လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အကူအညီတောင်ခံမှုအရ လှိုင်သာယာပြည်သူဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။
#centralnewsnaypyitaw


