3 ပတ် - ဘာသာပြန်ပါ။

စတားများအား ခေါ်ယူမှုအတွက် လိဒ်၊ ဘိုင်ယန်၊ မန်စီးတီးတို့အား အကြွေး ယူရိုသန် ၁၆၀ တင်နေတဲ့ ဘာစီလိုနာ

အောက်တိုဘာ ၁၀

ဘာစီလိုနာဟာ ရာဖင်ညာ၊ ရောဘတ်လီဝန်ဒေါ့စကီး၊ ဖာရန်တောရက်စ်တို့အပါအဝင် ယခင်တုန်း ကစားသမားခေါ်ယူအားဖြည့်မှုများအတွက် ကလပ်အမြောက်အမြားကို အကြွေး ယူရို ၁၅၉ သန်းပေးရန် ရှိနေဆဲ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဝင်ငွေ ယူရို ၁ ဘီလီယံနီးပါး ရရှိထားပေမယ့်လည်း ကာလတိုအကြွေး၊ ပြောင်းရွှေ့ကြေးပေးရန်ရှိမှုများ ရွှေ့ဆိုင်းရမှုနှင့်အတူ ဘဏ္ဍာရေးပိုင်း ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ၂၀၂၄-၂၅ ရာသီအတွက် ဘဏ္ဍာရေးရှင်းတမ်းအရ ကစားသမားအပြောင်းအရွှေ့များအတွက် စုစုပေါင်း ယူရို ၁၅၉.၁ သန်းအကြွေးတင်နေတာပါ။ ဘာစီလိုနာဟာ ယင်းကြွေးမြီများမှ ယူရိုသန်း ၁၄၀.၆ သန်းကို လာမယ့်နှစ်မှာ ပေးရမှာ ဖြစ်လို့ ဝင်ငွေပိုင်း တိုးတက်နေပေမယ့်လည်း ဘဏ္ဍာရေးပြဿနာဆက်လက်ကြုံလာရဦးမှာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာဘက်က အကြွေးပေးရန်တဲ့ ရှိတဲ့ကလပ်များတွင် လိဒ်က အများဆုံး ဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက ရာဖင်ညာအား ခေါ်ယူမှုအတွက် ယူရို ၄၁.၉ သန်းပေးရန် ကျန်နေပါသေးတယ်။

ဘိုင်ယန်မြူးနစ်ကလည်း ရောဘတ်လီဝန်ဒေါ့စကီးအတွက် ယူရိုသန်း ၂၀၊ ဆီဗီလာက ဂျူးစ်ခွန်ဒီအတွက် ယူရို ၂၄.၅ သန်း၊ မန်စီးတီးက ဖာရန်တောရက်စ်အတွက် ယူရို ၁၃.၃ သန်း၊ ဘက်တစ်က အီမာဆင်ရွိုင်ရယ်အတွက် ယူရို ၈ သန်း ဘာစီလိုနာထံမှ ရရန် ရှိနေပါတယ်။

ဘာစီလိုနာတို့အကြွေးအနည်းငယ်ပေးရမယ့်စာရင်းတွင် ဂီရိုနာ၊ ဗလင်စီယာ၊ စပို့တင်းလစ္စဘွန်း၊ ရန်းနက်စ်တို့အပါအဝင် ဥရောပတလွှားမှ ကလပ်များစွာ ပါဝင်ပါသေးတယ်။

တဖက်တွင် ဘာစီလိုနာဟာ ကစားသမားရောင်းချမှုများအတွက် အခြားကလပ်များထံမှ ယူရို ၆၄.၁ သန်းအထိ ရရန် ရှိနေပါတယ်။

ဘာစီလိုနာကို အကြွေးပေးရန် ရှိတဲ့ကလပ်များတွင် ပေါ်တိုက နီကိုဂွန်ဇာလက်ဇ်အတွက် ယူရို ၆.၇ သန်း၊ Al-Ahli က ဖရန့်ကက်ဆီအတွက် ယူရို ၄.၁ သန်း၊ ရှက်တာဒိုးနက်စ်က မာလွန်အတွက် ယူရို ၃.၁ တို့အပြင် ချဲလ်ဆီး၊ ဘက်တစ်၊ ဘရာဂါတို့လည်း ပါဝင်ပါတယ်။

ဘာစီလိုနာအနေဖြင့် ရရန် ရှိတဲ့အကြွေးများ အားလုံး ရရှိလျှင်ပင် လာမယ့်နှစ်မှာ နောက်ထပ် လိုအပ်ငွေ ယူရိုသန်း ၁၀၀ လိုအပ်နေပါသေးတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဝင်ငွေ ယူရို ၉၉၄ သန်းအထိ ရရှိခဲ့ပြီး အမြတ်ငွေ ယူရို ၂ သန်း ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာဟာ ကြွေးမြီများစွာ ရှိနေမှုနှင့်အတူ အနာဂတ်တွင် ကလပ်ရဲ့ ဘဏ္ဍာရေးတည်ငြိမ်ရေးအတွက် အသုံးစရိတ်ချွေတာမှုများစွာ ပြုလုပ်ရပါဦးမယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image