ကလပ်တွင် ပေါင်သန်း ၁၀၀ ငွေဖြည့်တင်းပေးလာတဲ့ စပါးစ်ပိုင်ရှင်များ
အောက်တိုဘာ ၁၀
စပါးစ်ရဲ့ အဓိကရှယ်ယာရှင်များဟာ ကလပ်တွင် ပေါင်သန်း ၁၀၀ ငွေကြေးဖြည့်တင်းပေးလာပါတယ်။
စပါးစ်ဟာ ကလပ်ရဲ့ ဘဏ္ဍာရေးတောင့်တင်းလာစေရန်အတွက် ငွေကြေး ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာတာ ဖြစ်ပြီး အသင်းရဲ့ ရေရှည်အားကစားဆိုင်ရာအောင်မြင်ရေးအတွက် အသုံးပြုလာမှာလည်း ဖြစ်ပါတယ်။
စပါးစ်အသင်းရဲ့ ရှယ်ယာ ၈၆.၅၈ ရာခိုင်နှုန်းကို Lewis Family Trust ပိုင် Enic က ပိုင်ဆိုင်ထားပြီး ကျန် ၁၃.၄၂ ရာခိုင်နှုန်းကို အခြားအသေးစားရင်းနှီးမြှပ်နှံသူများက ပိုင်ဆိုင်ထားပါတယ်။
Enic ရဲ့ အဓိကရှယ်ယာများကို ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဂျိူးလီဝစ်က ပိုင်ဆိုင်ထားတာပါ။
Enic မိသားစုဟာ ကလပ်ကိ အမေရိကန်ရင်းနှီးမြှပ်နှံသူများက စံချိန်တင်ကြေး ပေါင် ၄.၅ ဘီလီယံဖြင့် ဝယ်ယူရန် ကြိုးပမ်းလာခဲ့ပြီးနောက် ယခုကဲ့သို့ အသင်းရဲ့ ငွေကြေး အင်အားတောင့်တင်းရန် ပေါင်သန်း ၁၀၀ ဖြည့်တင်းပေးလာတာပါ။
#ဘောလုံးသတင်းစုံ