သစ်ပင်တွေအများစုက သူတို့ရဲ့ အနီးအနားမှာ
ရှိနေတဲ့ အပင်တွေကို အာရုံခံသိရှိနိုင်တယ်တဲ့
အဲ့လိုသိရှိကြလို့ အပင်တွေရဲ့ ကိုင်းဖျားတွေဟာ
အနီးအနားက အပင်ကိုင်းဖျားတွေကို မထိဘဲ
သူတို့နယ်နိမိတ်ကိုသူတို့ ကန့်သတ်ထားတယ်လို့
ဆိုပါတယ်....
အဲ့ဒီဖြစ်စဉ်ကို Crown shyness လို့ ခေါ်ပြီး
သစ်ပင်ကိုင်းဖျားတွေ အချင်းချင်း မထိကြဘဲ
နေရာလွတ်ရှိနေခြင်းအားဖြင့် နေရောင်ခြည်ကို
ပိုမိုစုတ်ယူနိုင်တယ်၊ တစ်ပင်နဲ့တစ်ပင်ကြားမှာ ပိုးမွှားတွေကူးစက်မှု နည်းစေတယ်
အချင်းချင်းပွတ်တိုက်မှု လျော့ကျစေတယ်လို့
ဆိုပါတယ်....🌿