ဆီးရီးယားအသင်းကို ၅ ဂိုးပြ-တ်ဖြင့် ရှူံးနိမ့်ခဲ့ပြီး အာရှဖလားခြေစစ်ပွဲအောင်ရန်အားနည်းသွားပြီဖြစ်သည့် မြန်မာအသင်း
မြန်မာလက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ဆီးရီးယားအသင်းကို ၅ ဂိုး ၁ ဂိုးပြ-တ်ဖြင့် ရှူံးနိမ့်ခဲ့ပြီး အာရှဖလားခြေစစ်ပွဲအောင်ရန် အားနည်းသွားပြီဖြစ်သည်။
ယမန်နေ့ အောက်တိုဘာ (၉)ရက် ညပိုင်းက ဆော်ဒီအာရေဗျ နိုင်ငံ၌ ဆီးရီးယားအသင်းဖြင့်မြန်မာအသင်းတို့ အာရှဖလားခြေစစ်ပွဲယှဉ်ပိုင်းကစားရာ၌ ပွဲပြီးချိန်တွင် ၅ ဂိုးပြ-တ်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ပွဲစဥ်အတွင်း အဓိက ကစားသမားများဖြစ်သည့် မောင်မောင်လွင်၊ သီဟထက်အောင်၊ ဝေလင်းအောင်တို့ မပါနိုင်ခဲ့တာကြောင့် ကစားပုံအားနည်းချက်များရှိပြီးရှုံးနိမ့်ခဲ့ကြခြင်းဖြစ်သည်။
ပြိုင်ဘက်ဆီးရီးယားအသင်းသွင်းယူခဲ့သည့် ၅ဂိုးအနက် ၁ဂိုး မှာ ပင်နယ်တီသွင့်ယူခဲ့ခြင်းဖြစ်ပြီး၊ မြန်မာအသင်းရရှိသည့် ချေပဂိုး ၁ ဂိုးကို အသင်းခေါင်းဆောင်နန္ဒကျော်က သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာနှင့် ဆီးရီးယား၏ ဒုတိယအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၄ရက်၌ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း ထပ်မံယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။


