3 ပတ် - ဘာသာပြန်ပါ။

ဒီလိုညှိုးငယ်ပင်ပန်းလာတိုင်း
အရင်ကအမြဲလိုက်ရှာမိတဲ့အရိပ်တစ်ခုရှိတယ်
ဘယ်အရပ်ကိုရောက်ရောက်ငါပြေးလာချင်ပြီး
မရှိမဖြစ်လေးလို့ပြောလို့ရတဲ့
နွေးတဲ့အိမ်လေးလိုပေါ့
ထပ်ခါထပ်ခါအဲဒီအကြင်အနာတွေကိုပဲတမ်းတပြီး
အဲလိုခပ်အေးအေးစကားလုံးတွေ
မနားတမ်းကြားချင်ခဲ့တယ်
အရိပ်လေးတစ်ခုလို့သတ်မှတ်ထားတာဆိုပေမယ့်
ငါ့အတွက်တော့
အိမ်လိုလုံခြုံမှုနဲ့ဆိုလည်းမမှားတဲ့လူပဲ

အရိပ်ဆိုရင်လည်းသူဟာ အေးပြီး
အိမ်ဆိုရင်လည်းနွေးတဲ့ ခံစားချက်တွေဖန်တီးပေးနေကျမို့လို့
တကယ် ဆုံးရှုံးသွားတာ သေချာနေတာတောင်
ငါ့အတွက် ထပ်ပြီး အားမတင်းနိုင်လောက်ဘူး
ခံစားရတဲ့ နေ့တွေမှာတော့ ရှိစေချင်သေးတယ် ။

-ရီယာ