Breaking News….

ဖိလစ်ပိုင်နဲ့ အင်ဒိုမှာ ၇.၄ အဆင့် ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်

မနီလာ၊ အောက်တိုဘာ-၁၀-၂၀၂၅

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုမှာ ငလျင်လှုပ်ခတ်ပြီးနောက် အသက်အန္တရာယ်ရှိခဲ့ ဆူနာမီ လှိုင်းလုံးကြီးတခု ဖြစ်လာနိုင်ကြောင်း ဖိလစ်ပိုင် ငလျင် အေဂျင်စီက သတိပေးထားပါတယ်။

ဆူနာမီလှိုင်းတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒေသအချို့မှာ ပုံမှန်ဒီရေမျက်နှာပြင်အထက် ၃ မီတာ (၁၀ ပေ) အထိ ရောက်ရှိနိုင်ပြီး အင်ဒိုနီးရှားနဲ့ Palau ဒေသများတွင် အမြင့် ၁ မီတာအထိ မြင့်တက်လာနိုင်ကြောင်း ပစိဖိတ်ဆူနာမီဌာနက သတိပေးထားပါတယ်။

ပထမဆုံး ဆူနာမီလှိုင်းများသည် ဒေသစံတော်ချိန် ၁၁ နာရီ ၄၃ မိနစ် မတိုင်မီ ရောက်ရှိလာနိုင်ပြီး နာရီအနည်းငယ် ကြာနိုင်တယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image
image
image