အာရှဖလားခြေစစ်ပွဲ တတိယပွဲစဥ်တွင် မြန်မာအသင်းဂိုးပြတ် ရှုံးနိမ်

ရန်ကုန် အောက်တိုဘာ ၁၀

စက်တင်ဘာလ ၉ရက် ညပိုင်းက၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့် အုပ်စု E တတိယပွဲစဉ်အဖြစ် ကြားကွင်းဖြစ်သည့် ဆော်ဒီ
အာရေဗျနိုင်ငံတွင်ယှဉ်ပြိုင်ကစားခဲ့ရာမြန်မာအသင်းသည် ဆီးရီးယားအသင်းကို ၁-၅ ဂိုး ရလာဒ်ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

"ဆီးရီးယားအသင်းရဲ့ ကစားပုံသွက်လက်မြန်ဆန်မှုကို မြန်မာအသင်းရဲ့ ကွင်းလည်ကစားသမားတွေ ကောင်းစွာ မထိန်းချုပ်နိုင်ပဲ တိုက်စစ်ကို ဘောလုံးအသွားတွေမှာလဲ အပျက်များနေခဲ့တာပါ ၊ မောင်မောင်လွင် မပါဝင်လာခဲ့တဲ့ ကွင်းလည်မှာ အစားထိုးဖို့ ကစားသမားမရှိတာ ယနေ့ပွဲစဥ်က အဖြေပါပဲ ၊မာမာထန်ထန်သွက်သွက်လက်လက်ကစားတဲ့ ဆီးရီးယားအသင်းကို အိမ်ကွင်းမှာ ဘယ်လို ပြန်ခြေပမလဲစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ အုပ်စုအတွင်းပထမဆုံး ဂိုးပြတ် ရှုံးပွဲကြုံတွေ့ခဲ့တာလဲဖြစ်ပါတယ်။"ဟု ဘောလုံးပွဲသုံးသပ်သူတစ်ဦးကဆိုသည်။

မြန်မာအသင်းသည် အုပ်စု E တွင် နှစ်ပွဲနိုင် တစ်ပွဲရှုံး ခြောက်မှတ်ဖြင့် အုပ်စု ဒုတိယနေရာမှာ ရှိနေပြီး ဆီးရီးယားအသင်းမှာ သုံးပွဲစလုံးအနိုင်ဖြင့်အုပ်စုကို ဦးဆောင်နေကာ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အသင်းတို့မှာ ရမှတ် တစ်မှတ်စီသာရရှိထားသည်။
အုပ်စုပထမရရှိသည့်အသင်းသာခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

#ဘောလုံးသတင်းစုံ

image