3 w - Translate

ဖိလစ်ပိုင်တောင်ပိုင်းတွင် ပြင်းအား ၇.၆ အဆင့်ရှိ ငလျင်လှုပ်
-------------------------------------------
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် ယနေ့ (အောက်တိုဘာ ၁၀ ရက်) ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်တိုင်းတာရေး အင်စတီကျူးရှင်း (Phivolcs) က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ငလျင်သည် အရှေ့ဒါဗာအိုပြည်နယ် မာနေးမြို့၏ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာ (၃၉ မိုင်ခန့်) အကွာတွင် အနက် ၁၀ ကီလိုမီတာ (၆ မိုင်ခန့်) ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း အချို့နေရာများတွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သလို အဆောက်အအုံအချို့လည်း ပျက်စီးခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် ပြုတ်ကျလာသော အုတ်ခဲတုံးများ ထိမှန်၍ လူတစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများက အတည်ပြုထားသည်။
လွန်ခဲ့သည့် သီတင်း ၂ အပတ်ကလည်း ဖိလစ်ပိုင်နိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အသေအပျောက် အများဆုံးဖြစ်သည့် ပြင်းအား ၆.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ စီဘူးကျွန်းတွင် ၇၂ ဦး သေဆုံးခဲ့သည်။

image