၂၀၁၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ အယ်ဂျီးရီးယား
အောက်တိုဘာ ၁၀
အယ်ဂျီးရီးယားဟာ ဆိုမာလီယာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာပါတယ်။
အယ်ဂျီးရီးယားဟာ အာဖရိကကိုယ်စားပြု ၄ သင်းမြောက်အသင်းအဖြစ် ခြေစစ်ပွဲ အောင်မြင်လာတာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာခဲ့တာလည်း ဖြစ်ပါတယ်။
အယ်ဂျီးရီးယားဟာ ပွဲအစ ၇ မိနစ်မှာပင် အမူရာသွင်းယူတဲ့ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ယင်းနောက် အသင်းခေါင်းဆောင်မရာ့ဇ်က ၁၉ မိနစ်မှာ Half-Volley ကန်ချက်ဖြင့် ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်း ၁၂ မိနစ်မှာ မရာ့ဇ်ရဲ့ ဖန်တီးမှုကနေ အမူရာကပဲ အယ်ဂျီးရီးယားအတွက် တတိယအနိုင်ဂိုး သွင်းယူခဲ့ပါတယ်။
အယ်ဂျီးရီးယားဟာ ဆိုမာလီယာနိုင်ပွဲကြောင့် တစ်ပွဲကစားရန် ကျန်နေသေးတဲ့ အချိန်မှာအုပ်စု(G) အုပ်စုဗိုလ်အဖြစ် ရပ်တည်ကာ ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
အယ်ဂျီးရီးယားမတိုင်မီ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အသင်းများအဖြစ် မော်ရိုကို၊ တူနီးရှား၊ အီဂျစ်တို့ ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ မကြာသေးမီတုန်းက ပြင်သစ်ကနေ နိုင်ငံပြောင်းလာတဲ့ ဇီဒန်းရဲ့ သား လူကာဇီဒန်းဟာ အယ်ဂျီးရီးယားအသင်းအရန်ခုံမှာ ထိုင်ခွင့် ရခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ လူကာဇီဒန်းဟာ အဘိုးအဘွားများမှာ အယ်ဂျီးရီးယားဖွားများ ဖြစ်ရာ အယ်ဂျီးရီးယားကိုယ်စားပြု ကစားခွင့်ရှိနေတဲ့သူလည်း ဖြစ်ပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ