ဈေးကြီးပေးဝယ်ရတဲ့ မရောနိစ် mayonnaise ကိုအိမ်မှာပြုလုပ်နည်း💜
✅ကြက်ဥ ၁လုံး
✅ဆား ၁ဇွန်း(လက်ဖက်ရေဇွန်း)
✅သကြား ၁ဇွန်း (ဟင်းခပ်ဇွန်း)
✅ပန်းသီးရှာလကာရည် ၂ဇွန်း (ဟင်းခပ်ဇွန်း )
✅ဆီ (စက်နဲ့မွှေနေရင်းနဲ့ နည်းနည်းချင်းဆီထည့်ရင်း ပျစ်လာတဲ့အထိထည့်တယ် )
စုစုပေါင်းပါဝင်ပစ္စည်း ၅ မျိုးပါရှင်
ပြုလုပ်နည်း👇
ကြိတ်စက်ထဲကို
✅ကြက်ဥ တစ်လုံး
✅ဆားတစ်ဇွန်း ( လက်ဖက်ရေဇွန်း)
✅သကြား ၁ဇွန်း ( ဟင်းခပ်ဇွန်း)
✅ရှာလကာရည် ၂ဇွန်း (ဟင်းခပ်ဇွန်း)(အိမ်မှာရှိနေတဲ့ ပန်းသီးရှာလကာရှည်နဲ့ပဲလုပ်လိုက်တယ် )
ပါဝင်ပစ္စည်းထည့်ပြီးသကာလစက်နဲ့၁မိနစ်လောက်ကြိတ်ပြီးခဏ ကြိတ်စက်အဖုံးအပေါ်ရှိအပေါက်ကနေဆီ(ပဲဆီနဲ့သုံးထားပါတယ် အိမ်မှာရှိတာနဲ့ပဲ) ကိုနည်းနည်းချင်း လောင်းထည့်ပါတယ် ပြစ်လာတဲ့အနေထားထိ ဆီကိုနည်းနည်းချင်းထည့်ပါတယ် လိုချင်သည့်အနေထားရောက်လာရင် ဆီထည့်တာရပ်လိုက်လို့ရပါပြီးရှင်
Ps-ကြိတ်နေရင်းနဲ့ ဆီတွေကိုဖြည်းဖြည်းချင်းလောင်းထည့်တာပါလို့

image