3 w - Translate

နှစ်တိုင်း လင်းနို့လူသားတီရှပ်နဲ့ ဓာတ်ပုံအတူရိုက်တဲ့အစဉ်အလာကို ထိန်းထားတဲ့ သားအဖနှစ်ဦး

နှစ်တိုင်း စူပါဟီးရိုးတီရှပ်နဲ့ ဓာတ်ပုံရိုက်တဲ့ အစဉ်အလာကြောင့် နယူးဂျာစီပြည်နယ်က သားအဖနှစ်ဦးဟာ လူမှုကွန်ယက်ပေါ်မှာ လူပြောများနေပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်တာကာလအတွင်း အသက် ၄၄ နှစ်အရွယ် အဖေဖြစ်သူ နစ်ခ် တိုမက်ဆိုက သားဖြစ်သူ ဂျက်ဆန်နဲ့အတူ လင်းနို့လူသားတီရှပ်ဆင်တူဝတ်ပြီးတော့ ဓာတ်ပုံအတူရိုက်ခဲ့ကြတာပါ။

နစ်ခ်ဟာ စက်တင်ဘာလက ဒီအစဉ်အလာအကြောင်းကို ၂၀၁၄ ခုနှစ်ကတည်းက ရိုက်လာခဲ့တဲ့ သူတို့သားအဖရဲ့ဓာတ်ပုံတွေကို ချပြပြီးတော့ ပြောပြခဲ့တာပါ။ ဒီအစဉ်အလာက မမျှော်လင့်ဘဲ ဖြစ်လာခဲ့တာပါ။ ဂျက်ဆန်ကို မွေးပြီးတဲ့နောက် လအနည်းငယ်မှာ ဒီအစဉ်အလာကို မရည်ရွယ်ဘဲ စတင်ဖြစ်ခဲ့ပါတယ်။ ၃ နှစ်လောက်အထိ ဒါကို အစဉ်အလာတစ်ခုလို့ မထင်ခဲ့ဘူး။ အဲ့ဒီနောက်မှ နှစ်တိုင်း အခုလိုဓာတ်ပုံရိုက်မယ်ဆိုရင် ဂျက်ဆန် ကြီးကြီးလာတာကို မြင်ရမယ်၊ ဒါက အတော်လေးစိတ်ဝင်စားဖို့ကောင်းမယ်လို့ တွေးမိခဲ့တာပါ။

နှစ်တိုင်း ဂျက်ဆန်က လင်းနို့လူသားတီရှပ်အသစ်ရပေမဲ့ နစ်ခ်ကတော့ စရိုက်ကတည်းက ဝတ်ခဲ့တဲ့ တီရှပ်ကိုပဲ ဝတ်ဆင်လေ့ရှိပါတယ်။ နှစ်တိုင်း ဓာတ်ပုံရိုက်ပြီးတာနဲ့ အဲ့ဒီတီရှပ်ကို ချွတ်ပြီး သိမ်းထားခဲ့တာပါ။ အခု ၁၁ နှစ်ရှိပြီဖြစ်တဲ့ ဂျက်ဆန်က စူပါဟီးရိုးတွေကို ကြိုက်တယ်၊ ခရီးသွားရတာ၊ ဗီဒီယိုဂိမ်းတွေဆော့ရတာလည်းကြိုက်ပါတယ်။

နစ်ခ်က နှစ်တိုင်း သားအဖနှစ်ဦး လင်းနို့လူသားတီရှပ်နဲ့ ဓာတ်ပုံအတူရိုက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

Ref: Dad opens up after his annual photo tradition with son goes viral

image