3 ပတ် - ဘာသာပြန်ပါ။

ဖားကန့်နှင့်မြစ်ကြီးနားမြို့နယ်တို့တွင် လူ(၅)ဦးထက်ပို၍ မစုဝေးကြရန်နှင့်ညမထွက်ရ အမိန့်ထုတ်

အောက်တိုဘာ ၉

ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် လူ(၅)ဦးနှင့်အထက် စုဝေးခြင်းမပြုကြရန်နှင့် ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း အပြင်မထွက်မထွက်ကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသိပေးထားကြောင်း ဒေသခံများထံမှသိရသည်။

လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသောလူများသည် ဖားကန့်မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများ ပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည(၁၀)နာရီအချိန်မှ နံနက်(၄)နာရီ အချိန်အတွင်း ညမထွက်ရအမိန့်ကို အောက်တိုဘာလ (၈) ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်နယ်နှင့် မြစ်ကြီးနားမြို့နယ် နိမိတ်အတွင်း လူအချို့သည် အများပြည်သူ့တို့၏လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူ ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်ဟု အသိပေးထုတ်ပြန်ရာတွင်ပါဝင်ကြောင်း ဒေသခံများကဆိုသည်။

ထိုသို့ သို့ပြုမူဆောင်ရွက်ခြင်းသည်တည်ငြိမ်အေးချမ်းရေးနှင့်အများပြည်သူတို့၏ လုံခြုံရေး တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင်ရုန်းရင်းဆန်ခတ် မှုများဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆရသဖြင့် ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု/ကျေးရွာများတွင် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုး အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ နှိုးဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို တားမြစ်လိုက်ကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

image