လောင်းကစားလှုံ့ဆော်သည့် ဘောလုံး Streamers ၁၈ ဦး ထိုင်းရဲဖမ်းဆီး၊ လောင်းသူများ တစ်လ ဘတ် သန်း ၂၀၀ ဆုံးရှုံးရဟု ထုတ်ပြန်

အောက်တိုဘာ ၉

ထိုင်းနည်းပညာ မှုခင်းနှိမ်နင်းရေး ဌာနခွဲ (TCSD) တာဝန်ရှိသူများသည် နိုင်ငံအတွင်း ဘောလုံးပွဲ လောင်းကစားနှင့်ပတ်သက်ပြီး တရားမဝင်စည်းရုံးနေသော ဘောလုံး Streamers ၁၈ ဦးအား ဖမ်းဆီးလိုက်ကြောင်း အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရွိုင်အတ်၊ နွန်သာဘူရီ၊ ပသမ်ဌာနီ၊ ဆမွတ်ပရာကန်နှင့် ဘန်ကောက်ရှိ ၆ နေရာကို စီးနင်းဖမ်းဆီးရာ ကွန်ပျူတာ ၉ လုံး၊ ဖုန်းနှင့်တက်ဘလက် ၁၂ လုံး၊ မိုက်ကရိုဖုန်း၊ ထုတ်လွှင့်ရေးကိရိယာများနှင့် ဘတ် ၁၀ သိန်းတန် အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ယင်း Streamers များသည် ဘောလုံးပွဲများကို တရားမဝင် တိုက်ရိုက်ထုတ်လွှင့်ပြသသလို အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက်များတွင် လောင်းကစားမှုပြုရန် လမ်းညွှန်မှုများပါ လုပ်ဆောင်ကာ အခကြေးငွေ ယူခဲ့ကြောင်း၊ တစ်ပွဲထုတ်လွှင့်စည်းရုံးခ ဘတ် ၁၀၀၀ မှ ၂၀၀၀ အထိရသည့်အပြင် လောင်းကစားဝက်ဘ်ဆိုက်များထံ လောင်းကစားပြုရန် ညွှန်ကြားမှုများထဲမှ တစ်ယောက်ကို စည်းရုံးနိုင်လျှင် အပိုဘောနပ်စ် ဘတ် ၁၀၀ ပါ ထပ်ရရှိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

တချို့သော တရားမဝင် တိုက်ရိုက်ပြသသည့်ပွဲများတွင် ကြည့်ရှုသူ ၁ သန်းကျော်အထိ ရှိကာ ဘရာဇီးကလပ် ဆော်ပေါ်လိုပွဲကိုပင် တင်ဆက်သုံးသပ်မှုများလုပ်ကြောင်း၊ တစ်လ တစ်လ ၎င်းတို့ စည်းရုံးမှုကြောင့် ဘောလုံးပွဲလောင်းကစားလုပ်သူများ စုစုပေါင်း အရှုံးပေါ်မှုသည် ဘတ်သန်း ၂၀၀ ဝန်းကျင်ရှိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သွားခဲ့သည်။

Ref:Thesun

#သတင်းဟင်းလေးအိုးကြီး

image
image
image
image