3 ပတ် - ဘာသာပြန်ပါ။

ဘရန့်ဖို့ဒ် COO အား ခန့်အပ်ရန် ယူနိုက်တက် သဘောတူညီမှု ရရှိလာ

အောက်တိုဘာ ၉

ဘရန့်ဖို့ဒ် COO (Chief Operating Officer) အေမီးရှ်မာနစ်ခ်ဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

အာဆင်နယ်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မာနစ်ခ်ဟာ ယူနိုက်တက်သို့ ယခုအပတ်တွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လာမှာလည်း ဖြစ်ပါတယ်။

သူဟာ ဒေးဗစ်ဟာရစ်ဆင် ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ ယူနိုက်တက် ဘောလုံးဒါရိုက်တာရာထူးသစ်အား ရယူလာပါမယ်။

မာနစ်ခ်ဟာ ယူနိုက်တက်ရဲ့ ခရီးသွားလာရေး၊ ကစားသမားများအား ထောက်ပံ့ရေး၊ အသင်းရဲ့ ကိစ္စရေးရာများကို ဦးဆောင်လုပ်ဆောင်ရပါမယ်။

သူဟာ ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်ရဲ့ လက်အောက်တွင် တာဝန်ထမ်းဆောင်လာရမှာလည်း ဖြစ်ပါတယ်။

မာနစ်ခ်ဟာ ဘရန့်ဖို့ဒ်တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာဒါရိုက်တာအဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဇူလိုင်လတုန်းက COO အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သူဟာ ဘရန့်ဖို့ဒ်တွင် တာဝန်ထမ်းဆောင်စဉ်တုန်းက စီမံအုပ်ချုပ်ရေးကိုသာ အဓိကထား လုပ်ဆောင်ခဲ့ရပေမယ့်လည်း ယူနိုက်တက်မှာတော့ အမျိုးသမီးအသင်း၊ အမျိုးသားအသင်းတို့အတွက် ဘောလုံးရေးရာကိစ္စရပ်များကို လုပ်ဆောင်လာရပါမယ်။

သူဟာ ဘရန့်ဖို့ဒ်သို့ မပြောင်းမီ အာဆင်နယ်တွင် ပထမအသင်း Football Operations အကြီးအကဲအဖြစ် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်တုန်းက ပဲလေ့စ်နှင့် အာဆင်နယ်ပွဲ ပထမပိုင်းအပြီးတွင် ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်၊ ဂျွန်မော့စ်တို့နှင့် ပြဿနာတက်ခဲ့မှုကြောင့် ပေါင် ၈၀၀၀ ဒဏ်ရိုက်ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image