ရေသူမလေးတို့ရဲ့အဆုံးမဲ့သမုဒ္ဒရာကိုဖျက်စီးဖို့ရောက်လာတဲ့ စုန်းမကြီးများ 😳😳
Winx Club: The Mystery of the Abyss {မြန်မာစာတန်းထိုး}
အဆုံးမဲ့သမုဒ္ဒရာဟာ ရေထုညစ်ညမ်းမှုတွေနဲ့ ပြည့်နှက်နေချိန်မှာပဲ ဆိုးယုတ်တဲ့ ထရစ်စ် စုန်းမအဖွဲ့ဟာ ဧကရာဇ်ပလ္လင်ကို လုယူဖို့ ကြိုးစားရင်း လျှို့ဝှက်နတ်ဖျာမ ပိုလီတီးယားကို မတော်တဆ ပင့်ခေါ်မိခဲ့ပါတယ်။ ပိုလီတီးယားဟာ ထရစ်စ်တို့ကို လှည့်စားပြီး ပြည်နှင်ခံထားရတဲ့ ထရီတန်နပ်စ် (Tritannus) ကို ပြန်ခေါ်ဖို့အတွက် မင်းသား စကိုင်း (Prince Sky) ရဲ့ အသက်စွမ်းအားကို ယူခိုင်းလိုက်ပါတယ်။
ဝင်းစ်ကလပ် (Winx Club) က နတ်သမီး ဘလွန်း (Bloom) ရဲ့ စေ့စပ်သူ စကိုင်း အဖမ်းခံလိုက်ရပြီးနောက်မှာတော့ ဘလွန်းနဲ့ သူငယ်ချင်းတွေဟာ ပိတ်ဆို့ထားတဲ့ သမုဒ္ဒရာထဲကို ဝင်ဖို့အတွက် အန္တရာယ်အရှိဆုံး ဝင်ပေါက်ကနေ ဖြတ်ကျော်ပြီး စွန့်စားရပါတော့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က စကိုင်းကို ကယ်တင်ပြီး ဆန္ဒပြည့်ပုလဲ (Pearl of the Deep) ရဲ့တည်နေရာကို ရှာဖွေဖို့ပါ။
နောက်ဆုံးမှာတော့ ပိုလီတီးယားဟာ ထရစ်စ်တို့ကို လှည့်စားခဲ့ပြီး ပုလဲကို ကိုယ်တိုင်ယူကာ ဧကရာဇ်နေရာကို လုယူဖို့ ကြိုးစားတဲ့အခါမှာ သုံးပွင့်ဆိုင် တိုက်ပွဲကြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဝင်းစ် နတ်သမီးတွေဟာ သူတို့ရဲ့ စွမ်းအားကို စုစည်းပြီး ပုလဲကို အသုံးပြုကာ ပိုလီတီးယားကို အနိုင်ယူပြီး ကမ္ဘာလောကကို ကယ်တင်နိုင်ပါ့မလား...
Credit