ရှေးပဝေသဏီခေတ်ကို ပြန်ရောက်သွားတဲ့ တွန်နဲ့ ဂျယ်ရီ 😍😍
Tom and jerryလို့ပြောလိုက်ရင် ငယ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လူတိုင်းရဲ့အချစ်တော်အဖြစ် တည်ရှိနေတဲ့ ဇာတ်ကောင်လေးတွေပေါ့။
အခုတင်ဆက်ပေးမဲ့ Tom and Jerry ကတော့ စီလုတ်ဗားရှင်းကိုမှ story lineနဲ့ ၂၀၂၅ ထွက် အသစ်စက်စက်ဗားရှင်းလေးပါ။ ဒီတော့ ငယ်ဘဝအလွမ်းပြေအနေနဲ့ အခုပဲ ရှုစားလိုက်ကြပါဦး။
တွမ်နဲ့ဂျယ်ရီတို့ ထုံးစံအတိုင်း လုံးထွေးသတ်ပုတ်ရင်း ပြတိုက်မှာပြထားတဲ့ ကြယ်တာရာသံလိုက်အိမ်မြှောင်နားရောက်သွားပါတော့တယ်။
ထုံးစံအတိုင်း လက်ဆော့ခြေဆော့ကိုယ်တော်နှစ်ပါးက ကြယ်တာရာသံလိုက်အိမ်မြှောင်ကို သွားထိရာကနေ ရှေးခေတ်ဆီရောက်သွားပါတော့တယ်။
ရှေးခေတ်မှာတော့ ဖီးနစ်ငှက်စီးတဲ့ နတ်မင်းချီဖုန့်တစ်ယောက် ကြယ်တာရာသံလိုက်အိမ်မြှောင်ကို အခွင့်မရှိသုံးစွဲပြီး လူ့ပြည်ကို စီးတော်ဖီးနစ်ငှက်နဲ့တူတူ နယ်နှင်ဒဏ်ပေးခံရပြီး သံလိုက်အိမ်မြှောင်ကို နှစ် ၃၀၀ အတွင်းပြန်ရှာမှ ကောင်းကင်ဘုံကို ပြန်လာခွင့်ရမဲ့လို့ ပြောထားတာပေါ့။
ဒီအချိန်မှာပဲ ဒီကြယ်တာရာသံလိုက်အိမ်မြှောင်ကို ချီဖုန့်ကိုလက်စားချေချင်တဲ့ ကြွက်မိစ္ဆာကလည်း အသည်းအသန်ရှာနေပြီး ရွှေမြို့တော်ကို ရန်ရှာနေချိန်ပါ။
ဒီအချိန်မှာ ကြယ်တာရာသံလိုက်အိမ်မြှောင်နဲ့အတူ တွမ်နဲ့ဂျယ်ရီတို့ ကောင်းကင်က ပြုတ်ကျလာချိန်မှာတော့...
Crd
