🛁🫧🚿🧼
Yoga လေ့ကျင့်တဲ့သူအများစု သိချင်ကြတဲ့ ရေချိုးတာနဲ့ ပတ်သတ်ပြီး ….ပြောပြပေးချင်ပါတယ်……
ချွေးအရမ်းမထွက်တတ်တဲ့သူ … ဒါမှမဟုတ် ယောဂလေ့ကျင့်ချိန်က ညဘက်မှာမို့ မလေ့ကျင့်ခင်ထဲက ရေချိုးထားတဲ့သူ .. အစရှိသဖြင့် အကြောင်းမျိုးစုံနဲ့ ရေကြိုချိုးထားကြတာကတော့ ……ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်……
တချို့ကျတော့… ယောဂ လေ့ကျင့်ပြီးမှ … ရေချိုးရတာကို ပိုသဘောကျကြပါတယ်…. ကျတော်ကိုယ်တိုင်လည်း လေ့ကျင့်ပြီးမှ ရေချိုးရတာ ပိုကြိုက်တယ်….
ဆိုတော့……… ခုပြောမှာက ရေပူနဲ့ ရေချိုးတာ ကောင်းလား ရေအေးနဲ့ ချိုးတာ ကောင်းလား ဆိုတာ ရှင်းပြပေးမှာ ဖြစ်ပါတယ်….. ✅
After Yoga > ရေချိုးမယ်ဆိုရင်…. မိနစ် ၂၀ ကနေ ၃၀ အနည်းဆုံး ခြားပြီးမှ ရေချိုးသင့်ပါတယ်…… ❗️
အခြားလေ့ကျင့်ခန်းတွေဆိုလဲ…အတူတူလောက်ပါပဲ…လေ့ကျင့်ခန်း တခုခု လုပ်ပြီးတဲ့အခါ.. Body temperature က နဂိုထက်ပိုမြင့်နေတာဖြစ်တဲ့ အတွက် အရင်ဆုံး … Normal Body temperature ဖြစ်အောင် ခန နေပေးရပါတယ်…..
ဒါဟာ ကျန်းမာရေး အတွက်ရော….. ခန္ဒာကိုယ်အတွက်ပါ အကျိုးရှိစေပါတယ်…….
Body temperature cool down ဖြစ်ဖို့အတွက် အချိန်ခြားရတဲ့ အနည်းအများကတော့…. လူတစ်ယောက်နဲ့ တစ်ယောက် မတူတာမို့…. Listen to your body ပါ…
……………………………………………………
ရေပူရော ရေအေးရော က သူ့ဟာနဲ့သူ ခန္ဒာကိုယ်အတွက် အကျိုးရှိကြပါတယ်……
အဓိကကတော့ …ကိုယ်က ဘာလိုအပ်တာလဲ သိနေဖို့ပါပဲ.
❄️ရေအေးနဲ့ ချိုးတဲ့အခါ 💦
✨ Yoga လေ့ကျင့်ပြီးလို့ muscle နာနေတာတွေ အသားလေးတွေ ရဲနေတာ တွေကို လျော့ချပေးပါတယ်
✨သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး ၊ အာရုံကြောတွေကိုလည်း နှိုးဆွပေးပါတယ်
✨Immune system ကိုလည်း boost ပေးပြီး၊ ခန္ဒာကိုယ်ရဲ့ energy level ကိုလည်း ပြန်လည် တိုးလာစေပါတယ်
✨စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ၊ ခံစားချက်တွေကို ပိုကောင်းမွန်စေပါတယ်
🔅ရေပူ ချိုးတဲ့အခါ 💦
✨muscle တွေ တင်းနေတာ ၊ တောင့်နေတာ တွေကို ပြေလျော့စေပြီး … ခန္ဒာကိုယ်တစ်ခုလုံးကို ပိုပြီး သက်သောင့်သက်သာဖြစ်လာစေပါတယ်
✨ခန္ဒာကိုယ်က နွေးလာတာကြောင့် Flexibility & Mobilty ကို လည်း တိုးတက်စေပါတယ်
✨ခန္ဒာကိုယ်ဟာ သက်သောင့်သက်သာရှိနေတာကြောင့် stress & anxiety ကိုလည်းလျော့ကျစေပါတယ်
✨အသက်ရှူလမ်းကြောင်းတစ်လျောက် airway ပွင့်စေတာဖြစ်လို့ asthma or allergies တို့လို respiratory conditions ရှိတဲ့သူတွေ အဖို့လည်း နေလို့ပိုကောင်းစေပါတယ်……
………………………………………………………………
✌🏻၂ မျိုးလုံးက သူ့အကျိုးကျေးဇူးနဲ့သူ ရှိနေပါတယ်..
ဥပမာ အနေနဲ့… ရာသီဥတု ပူတဲ့နေ့လို (or) Yoga ကို လုံးဝ ရှယ်ဆော့ ရှယ်လေ့ကျင့်ထားတဲ့နေ့မျိုးဆို❄️ ရေအေးလေးနဲ့ ချိုးတာပိုကောင်းပါတယ်…..
Restorative Yoga or Gentle Yoga လောက်ပဲ လေ့ကျင့်တဲ့နေ့ ( အလုပ်မှာလဲ stress လေးတွေ ရှိလာတဲ့နေ့)မျိုးဆိုရင်တော့ 🔅ရေပူနဲ့ချိုးတာ ပိုကောင်းတာပေါ့လေ…….
ဒါကြောင့် ကိုယ့် ရဲ့ လိုအပ်ချက်ကဘာလဲ… ဆိုတဲ့အပေါ်မူတည်ပြီး ကိုယ့်ခန္ဒာကိုယ် အတွက် ခံစားမှု အကောင်းဆုံးပေးနိုင်မယ့်အရာကိုသာ စဉ်းစားပြီး ရွေးချယ်လို့ ရပါတယ် ခဗျာ…….
————————————————————————
အဆုံးထိဖတ်ပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်
💕😇