လူအများက ပေါင်းပင်လိုပဲ သတ်မှတ်ထားကြတဲ့ မျက်ထောင့်ပင်ဟာ တကယ်တော့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကို ပိုမိုကျန်းမာကြံ့ခိုင်စေမယ့် ဒီအပင်ရဲ့ အဓိကအချက် ၈ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
1. နှလုံး ကျန်းမာစေနိုင်တယ်
မျက်ထောင့်ပင်မှာ Omega-3 fatty acids ပါဝင်နေတာကြောင့် အကျိုးမပြု ကိုလက်စထရော (LDL) ကို ကျဆင်းစေပြီး သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းညှိပေးတာကြောင့် နှလုံး ကျန်းမာစေဖို ထောက်ကူပေးပါတယ်။
2. ကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချပေးတယ်
မျက်ထောင့်ပင်က အခြား အပင်တွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှု များတာကြောင့် နေ့စဉ် ထိတွေ့မိနေတဲ့ ညစ်ညမ်းတဲ့အရာတွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်ခြေကို လျှော့ချပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အချိုသော ကင်ဆာတွေ မဖြစ်စေဖို ကာကွယ်ပေးသလို သက်သာစေဖိုလည်း ထောက်ကူပေးပါတယ်။ ခံတွင်းကင်ဆာ မဖြစ်စေဖို ကာကွယ်ပေးပါတယ်။
3. ပန်းနာရင်ကြပ် သက်သာစေတယ်
ဗီတာမင် A ပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ပန်းနာရင်ကြပ် ရှိသူတွေ သက်သာစေဖိုအတွက် စားပေးလို ရပါတယ်။
4. အရိုးတွေ သန်မာစေနိုင်တယ်
မျက်ထောင့်ပင်က အရိုးတွေ သန်မာစေဖို အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်တို ပါဝင်နေပါတယ်။ အရိုးတွေကို သန်မာစေသလို အရိုးပွတာကို ကာကွယ်ဖိုလည်း စားပေးလို ရပါတယ်။
5. အမြင်အာရုံ ကျန်းမာစေတယ်
ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A ကြွယ်ဝတာကြောင့် အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ မျက်ထောင့်ပင်က ဗီတာမင် A ရော ဘီတာကယ်လ်ရိုတင်းပါ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံး ကျန်းမာစေသလို အမြင်အာရုံလည်း ကောင်းစေနိုင်ပါတယ်။
6. အရေပြား ကျန်းမာစေနိုင်တယ်
အရေပြား ဓာတ်မတည့်တာ၊ အကောင်ကိုက်တာနဲ့ အရေပြား ပြဿနာ အမျိုးမျိုးကို သက်သာစေဖိုအတွက် မျက်ထောင့်ပင်က အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ စားသုံးပေးလို ရသလို အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလိုလည်း ရပါတယ်။
7. ဆီးချို သက်သာစေနိုင်တယ်
ခါးသက်သက် အရသာရှိတဲ့ မျက်ထောင့်ပင်က ဆီးချိုသက်သာစေဖို ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် တုံပြန်မှု ကောင်းစေပါတယ်။
8. ဒါတွေအပြင် ကိုယ်ဝန်ဆောင် မိခင်တွေကို ကျန်းမာစေနိုင်သလို နိုတိုက်မိခင်တွေကိုလည်း နိုထွက်များစေဖို ထောက်ကူပေးပါသေးတယ်။ မစားသုံးခင်မှာ အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ဖိုတော့ လိုပါမယ်။
Credit