စပိန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို ရီးရဲလ်မက်ဒရစ်နောက်ခံလူဟူဆင် လွဲချော်လာ

အောက်တိုဘာ ၉

ရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူဒိန်းဟူဆင်ဟာ ကြွက်သားဒဏ်ရာကြောင့် စပိန်အသင်းမှ နုတ်ထွက်လိုက်ရပြီးနောက် လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။

နွေရာသီတွင် ဘုန်းမောက်မှ ပြောင်းလာတဲ့ ဒိန်းဟူဆင်ဟာ ယခုရာသီတွင် ပွဲပယ်ခံရတဲ့ အက်စ်ပန်ညိုပွဲမှ လွဲပြီး ကျန် ရီးရဲလ်မက်ဒရစ်ပွဲအားလုံး ကစားထားသလို ပြီးခဲ့တဲ့အပတ် ဗီလာရီးရဲလ်နှင့်ပွဲတွင်လည်း ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ကြွက်သားဒဏ်ရာရရှိနေကြောင်း တွေ့ရှိရပြီးနောက် စပိန်အသင်းမှ နုတ်ထွက်လိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ အောက်တိုဘာလ ၁၁ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ဂျော်ဂျီယာ၊ ဘူလ်ဂေးရီးယားတို့နှင့်ပွဲစဉ်များကို လွဲချော်လာပါမယ်။

ဟူဆင်ဟာ စပိန်နှင့် ရီးရဲလ်မက်ဒရစ်တို့တွင် အရေးပါတဲ့ ပွဲထွက် ကစားသမားအဖြစ် ကစားနေသူ ဖြစ်ပါတယ်။

ယခုကဲ့သို့ ဒိန်းဟူဆင် ဒဏ်ရာရရှိလာမှုက ရီးရဲလ်မက်ဒရစ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ညာနောက်ခံလူများဖြစ်ကြတဲ့ ထရန်းအလက်ဇန္ဒားအာနိုးနှင့် ဒါနီကာဗာဂျယ်တို့ကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။

အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်ဟာ နိုင်ငံတကာပွဲအလွန် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဂီတာဖေးနှင့် ရင်ဆိုင်ကစားရပါမယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image