3 ပတ် - ဘာသာပြန်ပါ။

ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲကောက်ခံသွားမည်

အောက်တိုဘာ ၉

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၅/၂၀၁၈)နှင့် (၁၈/၂၀၂၀) ကိုပယ်ဖျက်၍ ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် Myanmar Tradenet 2.0 စနစ်အပါအဝင် Online စနစ် အားလုံးတွင် ကောက်ခံလျက်ရှိသော ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်ခနှုန်းထားများအား ပြင်ဆင် ကောက်ခံခြင်းကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၅/၂၀၁၈)နှင့် (၁၈/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရဩသည်။

အဆိုပါ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာများအရ ကောက်ခံလျက်ရှိသည့် ဝန်ဆောင်ခ နှုန်းထားများနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာနှုန်းထားများအား Tradenet 2.0 စနစ်အသုံးပြုမှု နှစ်စဉ်ကြေး (Member Fee) ၅ဝ,ဝဝဝ ကျပ်၊ Online ဝန်ဆောင်မှု(Online Application Fee) ၁ဝ,ဝဝဝ ကျပ်၊ ပို့ကုန်လိုင်စင်သက်တမ်းတိုးမြှင့်ကြေး ပထမအကြိမ် သက်တမ်းတိုး ၂ လအတွက် ၅ဝ,ဝဝဝ ကျပ်၊ ဒုတိယအကြိမ် သက်တမ်းတိုး ၁ လအတွက် ၃၀,၀၀၀ ကျပ်၊ သွင်းကုန်လိုင်စင်သက်တမ်းတိုးမြှင့်ကြေး (လိုင်စင်ကြေးကင်းလွတ်ခွင့်ပြုသည့် ကုန်ပစ္စည်းများအပါအဝင်) ပထမအကြိမ် သက်တမ်းတိုး ၂ လအတွက် သွင်းကုန်လိုင်စင်ကြေးသတ်မှတ်နှုန်းအတိုင်းဖြစ်ပြီး ဒုတိယအကြိမ် သက်တမ်းတိုး ၁ လအတွက် သွင်းကုန်လိုင်စင်ကြေးသတ်မှတ်နှုန်းအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ပို့ကုန်သွင်းကုန်လိုင်စင်ပါအချက်များအား ပြင်ဆင်ပါက ပြင်ဆင်ချက် တစ်ချက်လျှင် ၁ဝ,ဝဝဝ ကျပ်၊ ပို့ကုန်သွင်းကုန်လိုင်စင်အပ်နှံကြေး ၃ဝ,၀၀၀ ကျပ်၊ ပထမကြိမ်နှင့်ဒုတိယကြိမ် ပို့ကုန်လိုင်စင်/ပါမစ် သက်တမ်းတိုးခြင်း/ ပြင်ဆင်ခြင်း ဒဏ်ကြေးအနေဖြင့် သက်တမ်းကုန် ဆုံးသည့်ရက်မှစ၍(၁) လအတွင်း ၅,ဝဝဝ ကျပ်၊ သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁) လနှင့် အထက် ၁ဝ,ဝဝဝ ကျပ်၊ ပထမကြိမ်နှင့်ဒုတိယကြိမ် သွင်းကုန်လိုင်စင်/ပါမစ် သက်တမ်းတိုးခြင်း/ ပြင်ဆင်ခြင်း/ အပ်နှံခြင်း ဒဏ်ကြေး သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁) လအတွင်း ၅,ဝဝဝ ကျပ်၊ သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍ (၁) လနှင့်အထက် ၁ဝ,ဝဝဝ ကျပ် အဖြစ် ပြောင်းလဲ ကောက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် လိုင်စင်အပ်နှံ၍ ပြန်လည်လျှောက်ထားခြင်းအတွက် သက်တမ်းကုန်ဆုံးပြီး ၁၄ ရက် ကျော်လွန်လျှောက်ထားမှုများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် လိုင်စင်ပြင်ဆင်ခွင့် လျှောက်ထားခြင်းများကို မြန်မာနိုင်ငံဆိပ်ကမ်းနှင့်လေဆိပ်တို့သို့ ရောက်ရှိမလာမီ ကြိုတင် တင်ပြ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော်သို့ ပေးသွင်းရန်သတ်မှတ်ထားသည့် ဝန်ဆောင်ခနှုန်း ထားများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ ပေးသွင်းရန်ဖြစ် ကြောင်းအသိပေး ကြေညာထားသည်။

ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာ (၅/၂၀၁၈)နှင့် (၁၈/၂၀၂၀)အား ဤ သတင်းလွှာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Credit - NP News Agency

#centralnewsnaypyitaw

image