မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အမှုဆောင်သစ် ‌ရွေးချယ်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်

အောက်တိုဘာ ၉

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၁ ရက်တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ အသင်းချုပ်၏ ၂၀၂၅-၂၀၂၈ ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ် ‌ရွေးချယ်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

အဆိုပါ ရွေးချယ်တင်မြှောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်၊ နံနက် (၉)နာရီမှ မွန်းလွဲ (၁)နာရီအထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၂၉)၊ မင်္ဂလာခန်းမ၊ ပထမ ထပ်၊ ကုန်သည်စက်မှုအသင်းချုပ်ရုံး(UMFCCI)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ရွေးချယ်တင်မြှောက်ပွဲတွင် သတ်မှတ်ချက်နှင့်ပြည့်စုံသော အသင်းသားများအနေဖြင့် ဆန္ဒမဲပေးခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် Online Registration ဖြင့် ယနေ့ (အောက်တိုဘာ ၉ ရက်)မှ (အောက်တိုဘာ ၂၉ ရက်)အထိ ကြိုတင်မှတ်ပုံတင် စာရင်းပေးသွင်းနိုင်ကြောင်း ဖော်ပြချက်အရ သိရသည်။

ထို့ပြင် အလုပ်အမှုဆောင်အဖြစ် အဆိုပြုရွေးချယ်ခံလိုသော အသင်းသားများသည် လိုအပ်သောစာရွက် စာတမ်းများနှင့်အတူ ယနေ့ (အောက်တိုဘာ ၉ ရက်) မှ (အောက်တိုဘာ ၂၈) ရက်အထိ ရုံးချိန်အတွင်း အသင်းချုပ်သို့ လာရောက်စာရင်းပေးသွင်း နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image