အားလုံးမတူပေမဲ့ တန်ဖိုးကတော့ တူပါတယ်။
ကျနော့်ကို လာပြောပြတဲ့သူဟာ မန်စီဘက်က ရှမ်းလူမျိုးတစ်ယောက်ပါ။
သူ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အသည်း ကျောက်ကပ်နဲ့ နှလုံးအပါဝင် အစိတ်ပိုင်းအများစုဟာ အားနည်းနေပြီး လုပ်ဆောင်နိုင်စွမ်းသိပ်မရှိတော့ကြောင်း...
ဆရာဝန်က ပြောတယ်တဲ့။
ငွေကြေးတတ်နိုင်သူတွေမို့ ဆေးကောင်းဝါးကောင်းလည်း ဝယ်သုံးပေမဲ့ အဆင်မပြေတာကြာပြီမို့...
တိုင်းရင်းဆေးမှာ နည်းလမ်းရှိရင် ပြောပြပေးပါ...
ဒါမှမဟုတ် ဆေးဖော်ထားတာရှိရင် ဝယ်ချင်ပါတယ် ဆိုပြီး ပြောလာတာကြောင့်...
ကျနော်ဘက်ကလည်း မေးစရာရှိတာမေးရတာပေါ့...
နှလုံး၊အသည်း ကျောက်ကပ် အားနည်းနေပြီဆိုထဲက အိပ်တာ စားတာ မမှန်နိုင်တော့ဘူး...
မအိပ် အစား နည်းခဲ့တာကြောင့်လည်း ဒီကလီစာတွေ အားနည်းကုန်တာ ဖြစ်တယ်....
‌အထက်ပါအချက်က အများဆုံးဖြစ်ရတဲ့အကြောင်း။
ဒါကြောင့် မေးလိုက်တယ်....
မိတ်ဆွေ အိပ်ရေးမဝသလို ခံစားနေရတယ်မို့လား ဆိုပြီး.....?
ဟုတ်တယ်...ကျနော် အဲလိုခံစားနေရတယ် တဲ့။
အကြောတွေတက် အကြောတွေကပ်သလိုဖြစ်နေပြီး ညောင်းကျဝေဒနာခံစားလာရတယ်ဆိုတာရော....?
ချက်ချင်းပဲ ပြန်ပြောတယ် ဟုတ်ပါတယ်တဲ့။
ဒါဆို ကျနော်ပြောပြမဲ့ နည်းလမ်းလေးကို လုပ်ပြီး
ကုသကြည့်ပါ။
မိတ်ဆွေက ပိုက်ဆံပေါလို့ အကုန်ခံချင်တယ်ဆိုရင်တောင် ကုန်စရာမရှိပါဘူး..?
ခရမ်းခဆော့ပင် (ကသော့မျိုး)နဲ့
ခဆော့ခါးပင် (အရိုင်း) ကို သိလား လို့ မေးတော့
ပုံပြပေးဆိုပြီး ပြောတာကြောင့် ပိုစ့်မှာတင်ထားတဲ့
ဓာတ်ပုံ ၂ပုံပို့ပေးလိုက်တယ်။
အဲ့ဒီ အပင်၂မျိုးလုံးက မျိုးရင်းတူပြီး...
အာနိသင်ကွဲပေမဲ့ ဆေးဖက်ဝင်ပုံခြင်းက တယ်။
မိတ်ဆွေခံစားနေရတဲ့ ဝေဒနာတွေအတွက် ...
ဒီနည်းလမ်းက အကူညီဖြစ်စေလိမ့်မယ်...
ယုံကြည်စိတ်ချစွာ ပြုလုပ် သုံးစွဲကြည့်ပါ ...
ခရမ်းကဆော့ သီး (သို့) ကဆော့ခါးသီး (၁၀)လုံး
ခန့်အား ရေသေခြာဆေးပြီး ပေါက်ရုံလေး ဓားပြားရိုက်ပါ။
(အစေ့တွေ ဘေးထွက်ကုန်အောင် မလုပ်ရ)
‌ကွံရုံ ပေါက်ရုံသာ ဓားပြားရိုက်ထားတဲ့ ၎င်း အသီးများအား ငါးကြင်းခွက်ထဲသို့ထည့်(အခြားခွက်လည်းရ) ပွက်ပွက်ဆူနေတဲ့ရေနွေးအားလောင်းထည့်ပြီး
ခဏမျှ အဖုံးအုပ်ပေးထားပါ။
ရေနွေးရဲ့အရောင်ကာလာက အဝါရောင်သမ်းပြီဆိုပါက နွေးနွေးလေး မှုတ်သောက်ပေးပါ။
တစ်နေ့ ၂ကြိမ် နံနက် ညအိပ်ယာဝင်တဲ့အချိန်သောက်ပါ။
အသည်း အားနည်းသူ
ကျောင်ကပ်အားနည်းသူ
ကောင်း‌စွာအိပ်မပျော်သူ
အစားအသောက် ပျက်သူ
ညောင်းကျ ပိန်ကပ် အကြောတက် အကြောကပ်သူများ အထက်ပါနည်းလမ်းဖြင့် ကုသနိုင်ပါရန်
မေတ္တာဖြင့် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ဗျ။
ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ
ကင်းဝေးကြပါစေ။

image