3 ပတ် - ဘာသာပြန်ပါ။

အခုလို ရာသီတုပ်ကွေးချိန်မှာ လှလည်လှ ကျန်းမာရေးအတွက်လည်းသောက်သင့်သောအရိုးပြုတ်ရည်
🥣✨ ကြက်ရိုးပြုတ်ရည်ရဲ့ကောင်းကျိုးများ ✨🥣
ကြက်ရိုးပြုတ်ရည်မှာ အာဟာရဓာတ်များအပြည့်အဝပါဝင်ပြီး ကျန်းမာရေးအတွက်လည်း အများကြီးအကျိုးရှိပါတယ်။
🦴 အသားအရေအတွက်ကောင်းမွန်စေသည်
Collagen နဲ့ Gelatin ပါဝင်လို့ အရေပြားချောမွတ်ပြီး တင်းရင်းကောင်းမွန်စေပါတယ်။
🦵 အဆစ်အမြစ်နာခြင်းလျော့စေသည်
Glucosamine နဲ့ Chondroitin ပစ္စည်းတွေကြောင့် အဆစ်နာခြင်းကိုလျော့ပေးပါတယ်။
🍽️ အစာချေမှုကောင်းစေသည်
Gelatin သည် အစာလမ်းကြောင်းကိုကာကွယ်ပေးပြီး ဗိုက်နာခြင်း၊ ဗိုက်ဖောင်းခြင်းများကိုလျှော့ပါးစေပါတယ်။
🛡️ ရောဂါခံနိုင်စွမ်းတိုးစေသည်
သံ၊ ဇင့်၊ မဂ္ဂနီစီယမ် စတဲ့အာဟာရဓာတ်များကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။
🔥 ခန္ဓာကိုယ်ပူနွေးညှိပေးသည်
အေးလို့မောမောခါးခါးဖြစ်ချိန်မှာ သောက်ရင် ခန္ဓာကိုယ်ကို ပူနွေးစေပြီး သက်တောင့်သက်သာခံစားနိုင်ပါတယ်။
💪 အသားအရည်ပြန်လည်ထူထောင်ရာတွင်ကူညီသည်
နာကျင်ခြင်းနဲ့ သွေးထွက်ခြင်းရှိချိန်တွင် သွေးနှင့်အသားအရည်ပြန်ကောင်းအောင် ကူညီပေးပါတယ်။

🌿 နံနက်အစာမတင်မီ သို့မဟုတ် ညအိပ်မယ့်အချိန်အနီးမှာ
ပူပူနွေးနွေး သောက်ပေးရင် ပိုကောင်းပါတယ်။
လှလည်းလှချင်တယ် ကျန်းမာချင်တယ်ဆို Dr. Zar Ni Zin ပြောသလိုအရိုးကိုက်😜🦴
#meekitchen
#ကြက်ရိုးပြုတ်ရည်

Credit to owner

image