3 w - Translate

သတ်သူကို ဖမ်းဆီးရမိ။
အဆိုပါလူမှာ သာကေတမြို့နယ် ၇ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စိတ္တဇလူသတ်ကားတွေကို ကြည့်ရတာ ကြိုက်နှစ်သက်သူဖြစ်တယ်လို့ နီးစပ်ရာ သတင်းတွေအရ သိရှိရပါတယ်။
အောက်တိုဘာလ ၆ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ရပ်ကွက်၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel၊ အခန်းနံပါတ် ၅၀၂တွင် အမျိုးသမီး တစ်ဦးကို အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ကာ အလောင်းကို အမှိုက်အိတ်အပြာနှင့် ထုတ်ပိုးပစ်ထားခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သတ်ပြီးတော့ တရားခံလို့ သံသယရှိသူ အမျိုးသားကို အောက်တိုဘာလ ၇ရက်နေ့ နံနက်ပိုင်းမှာ ဖမ်းဆီးပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဝန်ခံခဲ့တယ်လို့ သိရပါတယ်။
တရားခံက သေဆုံးသူ အမျိုးသမီးနဲ့ အွန်လိုင်းပေါ်က သိရှိခဲ့ပြီး အခန်းတွင် အတူချိန်းဆိုနေခဲ့ကြပြီးနောက်မှာ အမျိုးသားက အမျိုးသမီးကို စနစ်တကျ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း၊ တရားခံက လူသတ်ကားများကို နှစ်သက်စွာ ကြည့်ရှုတတ်သူဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ပြဿနာတစ်စုံတစ်ရာ ရှိနိုင်တယ်လို့ စစ်ဆေးချက်တွေအရ သိရပါတယ်။

imageimage