PUBG Mobile က မြန်မာကစားသမားတွေအတွက် အထူးသီးသန့်ဖန်တီးထားတဲ့ Super Zoe Voice Pack ကို Voice Line အသစ်တွေထည့်သွင်းပြန်လည်မိတ်ဆက်
အောက်တိုဘာ ၉
Voice Line အသစ်တွေ ပါဝင်တဲ့ Super Zoe Voice Pack ကို အောက်တိုဘာ ၇ ရက်ကနေ ၂၇ ရက်နေ့ အတွင်း PUBG Mobile မှာ အခမဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။
“ကမ္ဘာကျော် နာမည်ကြီး မိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့ PUBG Mobile က မြန်မာနိုင်ငံက ချစ်ခင်အားပေးသူ ကစားသမားတွေအတွက် သီးသန့်ရည်ရွယ်ပြီး မြန်မာဘာသာစကားနဲ့ အထူး ဖန်တီးထားတဲ့ Super Zoe Voice Pack ကို နိုင်ငံအတွင်း ဂိမ်းကစားသူတွေအတွက် ပိုကောင်းတဲ့ ဂိမ်းကစားရတဲ့ အတွေ့အကြုံခံစားရအောင် Voice Line အသစ်တွေ ထပ်မံထည့်သွင်းပြီးတော့ ပြန်လည်မိတ်ဆက်လိုက်တာပါ”လို့ Voice Line အသစ်က တာဝန်ရှိသူက ပြောပါတယ်။
တစ်ကျော့ပြန် ပြန်လည်မိတ်ဆက်လိုက်တဲ့ Super Zoe Voice Pack ရှိ Voice Line အသစ်တွေ ယခု အောက်တိုဘာလ ၇ ရက်ကနေ အောက်တိုဘာလ ၂၇ ရက်နေ့အထိ PUBG MOBILE ဂိမ်းအတွင်းရှိ သတ်မှတ်ထားတဲ့ In-game missions တွေကို ဆော့ကစားရင်း ကိုယ်နှစ်သက်တဲ့ Voice Pack တွေကို အခမဲ့ ရယူနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ မိတ်ဆက်လိုက်တဲ့ စူပါဇိုး (Super Zoe Returns) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဖန်တီး ထုတ်လိုက်တဲ့ Zoe Voice Pack ကို Voice Line အသစ် ၁၀ ခုနဲ့ ထပ်မံ ဆန်းသစ်ထားတာဖြစ်ပါတယ်။
PUBG Mobile က သတ်မှတ်ကာလအတွင်း Super Zoe Voice Pack ရှိ Voice Line အသစ် ၁၀ ခုကို In-game missions တွေကို ဆော့ရင်းနဲ့ အခမဲ့ရရှိနိုင်မှာဖြစ်သလို မနှစ်က Voice Line ၁၀ ခုနဲ့ မိတ်ဆက်ထားတဲ့ Zoe Voice Pack ကို လည်း Crystal Shop မှာ Ocean Crystal တွေနဲ့ လဲလှယ်ရရှိနိုင်မှာဖြစ်ပါတယ်။
“မြန်မာနိုင်ငံက PUBG Mobile ကစားသမားတွေအတွက် Super Zoe Voice Pack ကို Voice Line အသစ်တွေနဲ့ အတူ ပြန်လည်မိတ်ဆက်နိုင်တာအတွက် အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလို လုပ်ဆောင်တာက PUBG ကစားသမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဂိမ်းကစားတဲ့ အတွေ့ကြုံတွေကို စဉ်ဆက်မပျက် ဖန်တီးပေး စွမ်းနိုင်ဖို့ဖြစ်လာတယ်။ အခုလို ဖန်တီးလုပ်ဆောင်မှုတွေကနေ ကစားသမားတွေအကြား ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆက်သွယ်ပြောဆိုမှုတွေ ဖြစ်ပေါ်စေမှာဖြစ်ပြီး ပိုမို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ PUBG Mobile ဂိမ်းအတွေ့ကြုံ တွေကို ရရှိနိုင်စေမှာဖြစ်ပါတယ်”လို့ PUBG MOBILE Myanmar ရဲ့ Aman Kumar (Country Manager) ကပြောပါတယ်။
တစ်ကျော့ပြန် စူပါဇိုး (Super Zoe Returns)မှာ မြန်မာကစားသမားတွေ ကြိုက်နှစ်သက်တဲ့ မြန်မာစကားလုံးတွေအပေါ် အခြေခံပြီး ဖန်တီးထားသလို မနှစ်က မိတ်ဆက်ထားတဲ့ ဇိုး Voice Pack အပါအဝင် PUBG MOBILE မှာ မြန်မာစကားလုံးတွေကို Voice Line ပေါင်း ၂၀ ရရှိတော့မှာဖြစ်ပါတယ်။
Credit - Myanmar Transparency News Agency
#centralnewsnaypyitaw