3 w - Translate

အင်္ဂလန်ဘုရင် ဟင်နရီ VIII လက်ထက်က "Groom of the Stool" လို့ခေါ်တဲ့ ရာထူးဟာ အပြင်ပန်းကြည့်ရင် မလိုချင်စရာကောင်းသလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ နန်းတော်ထဲမှာ အာဏာအရှိဆုံးနဲ့ သြဇာအရှိဆုံး ရာထူးတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်
အစပိုင်းမှာ သူတို့ရဲ့ အဓိကတာဝန်က ဘုရင် အိမ်သာတက်တဲ့အခါ အကူအညီပေးဖို့ နဲ့ ဘုရင့်ကိုယ်ခန္ဓာကို သန့်စင်ပေးဖို့ဖြစ်ပါတယ် ဒါ့အပြင် အိမ်သာခုံကို နေရာချထားပေးခြင်း၊ ရေ၊ သဘက်နဲ့ အဝတ်စတွေ စီစဉ်ပေးခြင်း၊ ဘုရင့် ကျန်းမာရေးအတွက် ဝမ်းသွားပုံကို စောင့်ကြည့်မှတ်တမ်းတင်ပြီး တော်ဝင်ဆရာဝန်တွေနဲ့ ဆက်သွယ်ပေးခြင်းတို့လည်း ပါဝင်ပါတယ်
ဟင်နရီ VIII ရဲ့လက်ထက်မှာ ဒီရာထူးဟာ အထူးသဖြင့် ဂုဏ်သိက္ခာမြင့်မားလာပါတယ် ဒီရာထူးရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ဘုရင်နဲ့ တစ်ဦးတည်း အထူးပုဂ္ဂိုလ်ရေး ဆန်ဆန် အချိန်တွေ အများကြီး ရရှိခြင်းဘဲဖြစ်ပါတယ်
အိမ်သာတက်နေချိန်ဟာ ဘုရင်ရဲ့ အပွင့်လင်းဆုံး အထိရောက်ဆုံး စိတ်အခြေအနေမှာ ရှိနေတဲ့အချိန်ဖြစ်လို့ Groom ဟာ ဘုရင့်ရဲ့ယုံကြည်ရဆုံးအကြံပေးနဲ့ လျှို့ဝှက်ချက်တွေကို သိမ်းဆည်းသူဖြစ်လာပါတယ် ဘုရင် နဲ့ အဆက်အသွယ် ပြုလုပ်လိုသူတွေဟာ သူတို့ရဲ့ ကိစ္စတွေကို ဘုရင်ဆီ တင်ပြခွင့်ရဖို့ Groom of the Stool ကို ငွေကြေးတွေ လက်ဆောင်တွေနဲ့ လာဘ်ထိုးခဲ့ရပါတယ်
အချိန်ကြာလာတာနဲ့အမျှ ဒီ Groom ရဲ့ တာဝန်တွေဟာ ကိုယ်ခန္ဓာသန့်စင်ပေးခြင်းအပြင် အခြားသော နန်းတွင်းကိစ္စများအထိပါ ကျယ်ပြန့်လာပါတယ် ဘုရင်ရဲ့ ကိုယ်ပိုင်အခန်းအတွင်းရှိ အဆောင်အယောင် အသုံးအဆောင်တွေ နဲ့ ပစ္စည်းတွေကိုလည်းစီမံခန့်ခွဲရပါတယ်
ဘုရင်ရဲ့ ကိုယ်ပိုင်အသုံးစရိတ်ငွေ (Privy Purse) ကို ထိန်းချုပ်ရခြင်း ၊ ဘုရင်ရဲ့ နေ့စဉ်အသုံးစရိတ်တွေကို စီမံခန့်ခွဲရခြင်းတို့က ကြီးမားတဲ့ အာဏာကို ရရှိစေပါတယ် ဘုရင်ရဲ့ ကိုယ်ပိုင်အခန်း ထဲကို ဘယ်သူဝင်ခွင့်ရှိတယ် ဘယ်သူဝင်ခွင့်မရှိဘူးဆိုတာကို ဆုံးဖြတ်ခွင့်ရှိတာကြောင့် ဘုရင်နဲ့တွေ့ဆုံလိုတဲ့ မင်းမှုထမ်းတွေအပေါ် ကြီးမားတဲ့ သြဇာလွှမ်းမိုးမှု ရှိခဲ့ပါတယ်
ဟင်နရီ VIII ဟာ သူ့ရဲ့ Groom of the Stool အဖြစ် ခန့်အပ်ခဲ့သူများကို သူ့ရဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေထဲမှ ရွေးချယ်လေ့ရှိပြီး သူတို့အားလုံးကို "Knight" (ဆာ) ဘွဲ့ ချီးမြှင့်ခဲ့ပါတယ် ၄င်းတို့အနက် ထင်ရှားသူအချို့မှာ-
� Sir William Compton (၁၅၀၉–၁၅၂၆(sad) ဟင်နရီ VIII ရဲ့ ပထမဆုံး Groom ဖြစ်ပြီး သူငယ်ချင်းရင်းချာလည်း ဖြစ်ပါတယ် သူဟာ အကျိုးအမြတ်များစွာရတဲ့ ရာထူးတွေကို ရရှိခဲ့ပြီး သူဌေးတစ်ဦးဖြစ်လာခဲ့ပါတယ်�
2. Sir Henry Norris (၁၅၂၆–၁၅၃၆(sad) သူဟာ ဘုရင်ရဲ့ အကြံပေးတစ်ဦးဖြစ်ပြီး နန်းတွင်းမှာ သြဇာကြီးသူတစ်ဦးပါ သို့သော်လည်း ၁၅၃၆ ခုနှစ်မှာ အန်ဘိုလိန် (Anne Boleyn) နဲ့ ဖောက်ပြန်မှု စွပ်စွဲချက်နဲ့ ခေါင်းဖြတ် အသxတ်ခံခဲ့ရပါတယ်
3. Sir Anthony Denny (ဟင်နရီ VIII နတ်ရွာစံချိန် ၁၅၄၇ အထိ): ဟင်နရီရဲ့ နောက်ဆုံး Groom ဖြစ်ပြီး ဘုရင်အသည်းအသန် ဖျားနာနေချိန်မှာ ဘုရင်နဲ့တွေ့ခွင့်ရှိသူအားလုံးကို ထိန်းချုပ်ခဲ့ပါတယ် ဘုရင်နတ်ရွာမစံမှီမှာ ဘုရင့်ဆန္ဒသေတမ်းစာကို အတည်ပြုနိုင်အောင် ဘုရင်အား သတ္တိရှိရှိ ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်
ဒီရာထူးတွေကို ရရှိခဲ့တဲ့ သူတွေဟာ အများအားဖြင့် ဆွေမျိုးတွေ ဒါမှမဟုတ် နန်းတော်ရှိ သူကောင်းမျိုးနွယ်ဝင်တွေ ရဲ့ သားတွေသာ ဖြစ်ပြီး ရာထူးရဲ့သြဇာအာဏာကြောင့် လိုချင်တောင့်တကြရတဲ့ ရာထူးတစ်ခု ဖြစ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image