3 ပတ် - ဘာသာပြန်ပါ။

တိန်ဝန်ကြီးချုပ်၏ အိန္ဒိယခရီးစဉ် စတင်
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာသည် ဇူလိုင်လအတွင်းက နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်၍ ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်အတွက် ရောက်ရှိလာခဲ့သည်။
ဗြိတိန်အစိုးရက အကြီးဆုံး ဗြိတိသျှ ကုန်သွယ်ရေးမစ်ရှင်ဟု ပြောဆိုထားသော ယခုခရီးစဉ်တွင် စတားမာနှင့်အတူ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် တက္ကသိုလ်ပိုင်းဆိုင်ရာ ကဏ္ဍများမှ အရေးပါသူ ၁၀၀ ကျော်လိုက်ပါလာခဲ့သည်။
သဘောတူညီချက်သည် ကြီးမားသော အခွင့်အလမ်းများကို ပေးကြောင်းနှင့် ယင်းကို စွမ်းနိုင်သမျှ အမြန်ဆုံးအကောင်အထည်ဖော်ကြရန် ကုန်သွယ်ရေးမစ်ရှစ်ကိုယ်စားလှယ်အဖွဲ့ကို တောင်းဆိုထားကြောင်း မွမ်ဘိုင်းကို ရောက်ရှိချိန်တွင် စတားမာက ပြောဆိုခဲ့သည်။
မိမိတို့၏ အလုပ်သည် အခွင့်အလမ်းများကို လွယ်လင့်တကူ ဆုပ်ကိုင်နိုင်စေရန်လုပ်‌ေဆာင်ရမည်ဖြစ်ကြောင်း စတားမာက စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းခဲ့ပြီး အိမ်ပြန်ခရီးတွင် မည်သည့် သဘောတူညီချက်များနှင့် မည်သို့သော အဆက်အသွယ်များ ရရှိခဲ့သည်ကို အသီးသီး ပြောပြစေလိုကြောင်းလည်း ပြောကြားခဲ့သည်။
မစ်ရှင်သည် ထူးခြားသော အခွင့်အလမ်းတစ်ခုဖြစ်ပြီး ထိုအခွင့်အလမ်းကို အမိအရ သွားယူကြမည်ဖြစ်ကြောင်းနှင့် သဘောတူညီချက်သည် တိုးတက်မှုအတွက် အစပျိုးရာဖြစ်ကြောင်း စတားမာက ပြောကြားခဲ့သည်။

image